RIT 84-93 ကျောင်းသားဟောင်းများ မိတ်ဆုံနှင့် ပညာရည်ချွန်ဆုပေးမည်

-->
 RIT 84-93 ကျောင်းသားဟောင်းများ မိတ်ဆုံနှင့် ပညာရည်ချွန်ဆုပေးမည်
မိုးမခရွာဆော်ကြီး ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
၁၉ ၈၄ မှ ၁၉ ၉ ၃ နှစ် စာသင်နှစ်များအတွင်း ကျောင်းနေဖက်ဖြစ်ခဲ့ကြသူ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ၏ (1984-1993) RIT Friends Foundation အဖွဲ့က လာမည့် ဒီဇင်ဘာ ၂၉ တွင် ပြည်တွင်း ပြည်ပ စုဝေးပြီး ရန်ကုန်မြို့တွင် မိတ်ဆုံကြမည်ဖြစ်ပြီး၊ သားသမီးများထဲက ပညာထူးချွန်သူများကို စုပေါင်းဂုဏ်ပြုပွဲ ကျင်းပရန် ဆော်သြနေကြပါတယ်။
သူတို့ ကျောင်းသားဟောင်းတွေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက https://www.facebook.com/rit.ninetythree ဖြစ်ပါတယ်။ သူတို့ ကျောင်းနေဖက် ကျောင်းသားဟောင်းများ မိတ်ဆုံပွဲ လုပ်ခဲ့ကြတာ ၉ နှစ်၊ ၁၂ ကြိမ် ရှိခဲ့ပြီး ၁၀ကြိမ်မြောက် တွေ့ဆုံပွဲမှာ ကျောင်းနေဖက်များ၊ ဆရာဆရာမများအတွက် လိုအပ်လျင် သာရေး နာရေး ကူညီနိုင်ဖို့ အခုလို ဖောင်ဒေးရှင်းကို စုဝေးတိုင်ပင်ထူထောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆက်သွယ်လိုက ကျော်စိုးမင်း (ec) နဲ့ အေးကိုကို (ec) တို့ထံမှာ စုံစမ်းနိုင်ပါတယ်။
ကျောင်းနေဖက်များ ဆုံဆည်းရာ လှုပ်ရှားမှုအဖြစ် တင်ဆက်လိုက်ပါကြောင်း။