ကျော်ဟုန်း - မဉ္ဖူသကပန်း - သို့မဟုတ် - ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)

မဉ္ဖူသကပန်း - သို့မဟုတ် - ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)
ကျော်ဟုန်း
ဇန်န၀ါရီ ၁၁၊ ၂၀၁၄



ဖူးတုန်းကလဲ မွှေး
ပွင့်တုန်းကလဲ မွှေး
ကြွေစဉ်မှာလဲ မွှေး၊

ပန်းရဲ့လမ်းတလျှောက်
လမ်းရဲ့ ပန်းတပွင့်ဟာ
သူ့ အဆင်း
သူ့ အသင်း
သူ့ သတင်း
များ ... များစွာ ဂုဏ်ခြင်းထပ်၊

အများအတွက်
ရနံ့ သစ်ခဲ့လေပေါ့
အဖိုးထိုက်တန်စွ မဉ္ဖူသက
(သို့တည်းမဟုတ်)
ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)၊

၂၀၁၄ ရဲ့ ဂျန်န၀ါရီ ၅ -ရက် ညနေ
နှလုံးသားလှသူမို့ 
နှလုံးရောဂါနဲ့  ကွယ်လွန်ရလေသလား
ခင်ဗျား စိုက်ခဲ့တဲ့ပန်း အမြဲမွှေးတယ်
သုဂတိလမ်းမှာ
အနိုင်ပိုင်း၍ ပြုံးစေသောဝ်။        ။



(တာဝန်ကျေ ဂီတသူရဲကောင်း ကိုဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)သို့  ၀မ်းနည်း ဂုဏ်ပြု နှုတ်ဆက်ကဗျာ)