ဒေါက်တာကောင်းညွန့် ၊ မိုးမခကလောင်ရှင်
“မွန်ဦးမြေ” ကွယ်လွန်
မိုးမခစာနယ်ဇင်းအဖွဲ့ ၀မ်းနည်းမှတ်တမ်း၊
ဇန်န၀ါရီ ၃၊ ၂၀၁၄
ဇန်န၀ါရီလ ၂ရက်၊ ၂၀၁၄၊ နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့တွင် ဒေါက်တာကောင်းညွန့်
(မွန်ဦးမြေ) ကွန်လွန်ကြောင်း ကြားသိရသဖြင့် မိုးမခစာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း
ကျန်ရစ်သူမိသားစုထံ အကြောင်းကြားအပ်ပါသည်။
ဒေါက်တာကောင်းညွန့်သည် ၁၉၄၂၊ အောက်တိုဘာ ၁၉ ရက်နေ့တွင် မြန်မာပြည်မှာ မွေးဖွားသည်။ နယူးဇီလန်နိုင်ငံ၊
University of Auckland တွင် Senior Lecturer အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန်မြို့၊
စက်မှုတက္ကသိုလ်မှ ဗိသုကာအင်ဂျင်နီယာဘွဲ့ကို ၁၉၆၇၊ ၎င်းနောက် M.E ဘွဲ့၊ D. Engg
(Kyoto Univ, Japan) တို့မှ ရရှိခဲ့သည်။
နယူးဇီလန်သို့ ပြောင်းရွှေ့နေထိုင်သော ဒေါက်တာကောင်းညွန့်သည် မြန်မာနယူးဇီလန်
မိတ်ဆွေဖြစ်အသင်း၏ နာယကဖြစ်သည်။ နယူးဇီလန်ရောက် မြန်မာဒုက္ခသည်များကို အတတ်နိုင်ဆုံး
ကူညီအားပေးသည်။ မြန်မာပြည်ကျောင်းသားများအတွက် ဘွဲ့လွန် ပညာရည်ချွန်ဆုများ ရရှိအောင်
ဆောင်ရွက်ပေးသည်။
မိုးမခမီဒီယာကို အစဉ်တစိုက် အားပေးသော စာဖတ်သူတဦးအပြင် ကလောင်အမည်
မွန်ဦးမြေ ဖြင့် ဆောင်းပါးများလည်း ရေးအားကူညီခဲ့သည်။
ဆရာမကွယ်လွန်မီ ဒီဇင်ဘာလက နောက်ဆုံးစာမူအဖြစ် မိုးမခ၏ (လမ်းခုလတ် ၂၀၁၃
စာမူပြိုင်ပွဲ) အတွက် “တိန်ကြောကို ပျံပါလေ … သင့်ချစ်သူ မျှော်ရှာနေရော့မယ်” ခေါင်းစဉ်ဖြင့်
စာမူတခု ပေးပို့ခဲ့သည်။ ဆရာ (မွန်ဦးမြေ) ဒေါက်တာကောင်းညွန့်၏ စာမူကို အမှတ်တရ ဖတ်ရှုနိုင်ရန်
မကြာမီ မိုးမခတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
ဆရာကွန်လွန်ကြောင်း ကြားသိရသဖြင့် မိုးမခစာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း
ကျန်ရစ်သူ မိသားစုထံ ထုတ်ပြန်အပ်ပါသည်။
ဆရာ
“မွန်ဦးမြေ” ၏ စာမူများ ဖော်ပြခဲ့သလောက် စာရင်းမှာ -
·
အမေဒေါ်ကောလင်း (နိုဝင်ဘာ ၂၊ ၂၀၁၃) (http://moemaka.com/archives/369 )
·
ဟိုး
(အီ့) အန်းမြို့ကလေး (ဇန်န၀ါရီ ၁၊ ၂၀၁၃) (http://moemaka.blogspot.com/2013/01/mon-oo-myay-articles.html
)
·
တိုင်တလုံးဘုရား
(နိုဝင်ဘာ ၂၄၊ ၂၀၁၂) (http://moemaka.com/archives/29427
)
·
အော်ကလန်မြို့သို့
အသံတိတ် သမ္မတကြီး ရောက်လာခြင်း ( မတ် ၁၆၊ ၂၀၁၃) (http://moemaka.com/archives/33201
)
·
ရှင်မဖြူကျွန်းရယ်
… ရှေးမြေပုံများအရ တင်ပြခြင်း (မတ် ၂၃၊ ၂၀၁၂) (http://moemaka.com/archives/33201
)
·
ကိုတိုး
အသက်မွေးမှု သင်တန်းကျောင်း (ဇန်န၀ါရီ ၁၃၊ ၂၀၁၃)
(http://moemaka.blogspot.com/2013/01/mon-oo-myay-articles_13.html
)
·
ရနံထုံ
ဂူဘုရား (နိုဝင်ဘာ ၁၉ ၊ ၂၀၁၂) (http://moemaka.blogspot.com/2012/11/mon-u-myay-articles.html
)
·
ကချင်ပြည်တွင်းစစ်
ရပ်စဲရေး၊ နယူးဇီလန်မိသားစုများ တောင်းဆို (http://moemaka.com/archives/32047
)
