မောင်စိုးချိန် - ကြမ်းတမ်းတိုက်ပွဲလမ်းပေါ်က ကဗ္ဗည်းအက္ခရာများ

ကြမ်းတမ်းတိုက်ပွဲလမ်းပေါ်က ကဗ္ဗည်းအက္ခရာများ
မောင်စိုးချိန်
ဇန်န၀ါရီ ၂၇၊ ၂၀၁၄



ကြမ်းတမ်းတိုက်ပွဲလမ်းပေါ်က ကဗ္ဗည်းအက္ခရာများ
မောင်စိုးချိန်
ဇန်န၀ါရီ ၂၇၊ ၂၀၁၄

စစ်အာဏာရှင်စနစ်
သူ့အလိုလို နောက်ဆုတ်ပျောက်ကွယ်
သူ့အလိုလို ရပ်ဆိုင်းချုပ်ငြိမ်း
ဇာတ်သိမ်းသွားခဲ့တာမျိုး
ကမ္ဘာမြေတရိုးမှာ မရှိဘူး…….မရှိခဲ့
ဒီအတိုင်း အပ်ချ မတ်ချ ငါတွေ့ခဲ့။

ဖက်ဆစ်စစ်အာဏာရှင်စနစ်
လူထုကို ချစ်ခင်မြတ်နိုးစွာ
လေးနက် ကြင်နာစွာ
လူထုကို ချစ်ခင်မြတ်နိုးစွာ
လေးနက်ကြင်နာစွာ
လူထုသဘောထား ဆန္ဒလိုက်နာ
အာဏာလွှဲပြောင်းခဲ့တာမျိုး
ကမ္ဘာမြေတရိုးမှာ မရှိခဲ့
ဒါကြောင့်ပဲ အာဏာလွှဲပေးနိုးနိုး
မျှော်ကိုး ယုံကြည်တာ
ငါ့မှာ မရှိခဲ့။
ဘယ်တန်းကမှ ရူးကြောင်ကြောင်မဖြစ်ခဲ့။

ဖက်ဆစ် အာဏာရှင်ဆိုတာ
အာဏာအတွက်ဆို
အရှင်လတ်လတ် လူသားစားသူတွေ
အနိုင်ကျင့်သတ်ဖြတ် နိုင်ရာစား
တောရိုင်းတိရိစ္ဆာန်များ ဖြစ်တယ်
ငါယုံတယ်။

ငါယုံတယ်
လွတ်လပ်ရေးကို တိုက်ယူရတယ်
ငြိမ်းချမ်းရေးဆို တိုက်ယူရတယ်
ဒီမိုကရေစီ လူ့အခွင့်အရေး
တန်းတူညီမျှရေး
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး
ပေးပါ ပေးကမ်းကြပါ
အသနားခံ တောင်းယူတဲ့အရာမဟုတ်
နောက်မဆုတ် ဒူးမထောက်
တိုက်ပွဲနဲ့ တိုက်ယူရတဲ့ အရာများသာ။

သမိုင်းထဲက
အောင်ပွဲခံ လူထု သူရဲကောင်းများ
ငါ့အား သွေးအမြဲ နီစွေးစေခဲ့
နှင်းသား အဖြူရောင် မဖြစ်စေခဲ့
လက်နက်ကိုင် တိုက်ပွဲ
လူထု တိုက်ပွဲ
တိုက်ပွဲထဲမှာ ငါပါခဲ့ရ
လူထုနဲ့ ထပ်တူ ရင်ဘောင်တန်း
ရှေ့ တန်းက ပါဝင်ခဲ့။

အောင်ပွဲအတွက်
နောက်ဆုံးထွက်သက်ထိ တိုက်သွားမယ်။
ငါယုံကြည်တယ်
လွတ်လပ်ရေး 
လူထုလွတ်မြောက်ရေးဆိုတာ
ဘာမှမပေးဆပ်ပဲ မရဘူး
အဖိနှိပ်ခံ လူထုတွေနဲ့ တိုက်ယူရတယ်
တိုက်မှ ရမယ်
တိုက်ရင် အောင်ပွဲ ရကိုရတယ်

ငါ ယုံတယ်။