Kyaw Thu - FFSS Yangon Activity,

အမေ့ခံကျောင်း
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၃၀၊ ၂၀၁၄



“လွန်ခဲ့သော (၃၇) နှစ်ကတည်းက ဤကျောင်းလေးကို အစိုးရမူလတန်းကျောင်းကလေးအဖြစ် သတ်မှတ်ပေးခဲ့ပေမယ့်လည်း တည်ထောင်ချိန်မှစ၍ ယနေ့အချိန်ထိ အစိုးရအဆက်ဆက်တွင် မည်သည့် အစိုးရမှ လာရောက်တည်ဆောက်မှုမပြုခဲ့တဲ့အတွက် ကျေးရွာလူထု၏ တတ်နိုင်သမျှသော ငွေကြေးများ ဖြင့် သစ်၊ ဝါး၊ ဓနိတို့နှင့် ခနော်နီခနော်နဲ့  (၃၇) နှစ်တိုင်တိုင် ကျေးရွာမှ ကလေးငယ်များ၏ ပညာရေး တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ ကျောင်းကလေးပါ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် သားငယ်သမီးငယ်များသည် လည်း မိုးမလုံ၊ လေမလုံဖြင့် ဒီကျောင်းလေး၏ အရိပ်အာဝါသအောက်မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့်ချို့ တဲ့စွာ ပညာသင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ရွာသူ/သားတွေ အနေနဲ့ ခေတ်အဆက်ဆက် အစိုးရက ဒီရွာနဲ့ ဒီကျောင်းကလေးကို ပစ်ပယ်ထားခြင်းခံရတယ်လို့ ထင်ခဲ့မိပါတယ်” ဟု ကျေးရွာနှင့် ကျောင်းအကျိုးတော် ဆောင်တစ်ဦးရဲ့ ရင်ထဲကပွင့်အန်လာတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ ထိုစကားကို ပြောခဲ့သောနေရာမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများသူပြည်တို့၏ လှူဒါန်းငွေတို့ဖြင့် တည်ဆောက်လှူဒါန်းခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် မူလတန်းကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သော ကျောင်းအကျိုးတော်ဆောင်တစ်ဦး ၏ ရင်တွင်းစကားပင် ဖြစ်ပါတော့သည်။



အဆိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူများ လှူဒါန်းထားသော ငွေကြေးတို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သော ပေ ၃ဝ x ၆ဝ ရှိ RC အဆောက်အဦးနှင့် ရေတုံကင်ပါ သောက်ရေအုတ်ကန် တို့အား တန်ဖိုးငွေ ၃၆၉၅ဝဝဝဝိ/- (သုံးရာခြောက်ဆယ့်ငါးသိန်းကိုးသောင်းငါးထောင်) ကုန်ကျခံ၍ ဆောက်လုပ်ပေးခဲ့ပြီး အဆောက်အဦးအား ၂၈-၁-၂ဝ၁၄ ရက်နေ့တွင် ကျောင်းဆောင်သစ်လွှဲပြောင်းပေး အပ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့် အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သား များ၊ ကျိုက်လတ်မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ရပ်မိ/ဖများ၊ ကျောင်းသား/သူများ၊ အလှူရှင် များ တက်ရောက်ခဲ့ကြသည်။ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဒု-ဥက္ကဌ ဒေါ် သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာမကြီးတို့မှ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပြီး ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ ကျောင်း ဆောင်သစ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်း အုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်တို့မှအသီးသီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားပေးခဲ့ သည်။ ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာမကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းသား/သူ (၁ဝဝ) ကျော်တို့အတွက် ကျောင်းဝတ်စုံများ လှူဒါန်းပေးခဲ့သော အလှူရှင် ဦးခင်ယုမောင် + ဒေါ်သီတာအေး (မိသားစု)မှ နာရေးကူညီမှုအသင်း (ရန် ကုန်)သို့ အမှတ်တရ ကျောက်စီပန်းချီကားအား ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက်ကျောင်း ဆောင်သစ် ရှေ့တွင် ကျောင်းသား/သူများ၊ ဆရာ/မများနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
  

ယခုကဲ့သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူတို့အတွက် အများပြည်သူတို့မှ လှူဒါန်းခဲ့သောထည်ဝါခန့်ညား ဘေးကင်းလုံခြုံသည့် ကျောင်းဆောင်သစ်ကလေးသည် နှစ်ပေါင်း (၃၇)နှစ် ကြာ အစိုးရအဆက်ဆက်၏ ပစ်ပယ်ခြင်းခံခဲ့ရသလိုနေခဲ့ရာမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဆောက် လုပ်လှူဒါန်းမှုဖြင့် ယခုအခါတွင် ကျောင်းသား/ကျောင်းသူ အနာဂတ်၏ မျိုးဆက်သစ်ကလေးငယ်များ သည် ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာဖြင့် ဘေးကင်းလုံခြုံစွာ ပညာသင်ယူနိုင်တော့မည်ဖြစ်သည်။ ထိုကျောင်း ဆောင်လေး၏ အလံတိုင်အုတ်ခုံနှင့် ကျောင်းမျက်နှာစာတွင်မူကား “အများပြည်သူတို့အတွက် အများပြည် သူကောင်းမှု” ဟူသောကဗ္ဗည်းမှတ်တမ်း ကျောက်စာချပ်လေးမှာ မြန်မာပြည်သူလူထု၏ သဒ္ဒါတရား ထက် သန်မှုကို ဖော်ညွှန်းနေသလိုပင် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်လည်း ဘုရားကြီးကုန်းကျေးရွာရှိ ကျေးရွာသူ/သားတို့၏ ဝမ်းသာပီတိတို့နှင့် ထပ်တူပင် “အပစ်ပယ်ခံကျောင်းကလေးအတွက် စိတ်အေးခဲ့ရ ပါပြီ” ဟုပင် မှတ်တမ်းတင်လိုက်ရပါတော့သည်။