ယံဇငြိဏ်း ● ငါ့ကိုလိုက်​မရှာနဲ့ ငါထွက်​သွားပြီ


ယံဇငြိဏ်း ● ငါ့ကိုလိုက်​မရှာနဲ့ ငါထွက်​သွားပြီ
(မိုးမခ) မတ်လ ၂၀၊ ၂၀၁၉

အိမ်​​ရှေ့ကစားပွဲ​ပေါ်မှာ စာ​ရေးပြီးထားခဲ့လိုက်​တယ်
ငါ့ကိုလိုက်​မရှာနဲ့ ငါထွက်​သွားပြီ
ဒီစာကိုဖတ်​ပြီးတဲ့​နောက်​ အရင်​ဆုံးပြူးပြူးပြာပြာဖြစ်​သွားမယ့်​သူက ဘယ်​သူဖြစ်​မှာပဲ
တစ်​ခါတစ်​​လေ စိတ်​ဝင်​စားဖို့သိပ်​ပြီးမ​ကောင်းတဲ့အရာ​တွေက ငါတို့အတွက်​စိတ်​ဝင်​စားစရာ​ကောင်း​နေပြန်​တယ်

ထွက်​သွားတာ ဘာနဲ့လဲ ...
ဘာအဝတ်​အစားဝတ်​သွားတာလဲ ...
ကျောပိုးအိတ်​​ရောပါသွား​သေးလား ...
ပိုက်​ဆံ​တွေ​ရောပါသွား​သေးလား ...

ပိုက်​ဆံဆိုတဲ့​နေရာ​ရောက်​​တော့ခဏရပ်​သွားမယ်
တစ်​​ယောက်​ကို တစ်​​ယောက်​ အမှတ်​မထင်​ကြည့်​မိလိုက်​ကြမယ်
ပြီးမှ ဟန်​​ဆောင်​ပန်း​ဆောင်​နဲ့ အ​ရေးမပါသလို​နေလိုက်​မယ်
သိပ်​အ​ဝေးကြီး​တော့သွားချင်​မှသွားမှာပါလို့ ရ​သေ့စိတ်​​ဖြေ​ပြောမယ်
ဘာ​တွေစိတ်​ဆိုးစရာရှိလို့ ခုလိုလုပ်​ရတာလဲလို့​မေးမယ်
ဖုန်း​တွေဆက်​ပြီးစုံစမ်းကြမယ်
ပြီး​တော့ အတင်း​တွေ အစုံအစိ​ပြောကြမယ်
ထွက်​သွားသူက တနေရာရာ​ရောက်​​နေပြီ
ကျန်​ခဲ့သူ​တွေက စာကိုဝိုင်းအုံပြီးဖတ်​​နေကြတုန်းပဲရှိ​သေးတယ်
ဘာ​ကြောင့်​ထွက်​သွားတာလဲဆိုတဲ့အ​ဖြေအတိအကျကိုသိသူက
အ,​နေတဲ့အသံနဲ့ ငိုရှိုက်​​နေ​ကောင်း​နေမယ်
ဒါမှမဟုတ်​ မသိချင်​​ယောင်​​ဆောင်​​နေချင်​​နေမယ်
သူတို့မီးရှို့ကြတယ်
ငါ စာ​ရေးထားခဲ့တယ်​။

ယံဇငြိဏ်း

Comments