ငမိုးဃ်း - ချစ်သူများနေ့ ဆီးရီးယား

ချစ်သူများနေ့ ဆီးရီးယား 
ငမိုးဃ်း
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄



အုတ်ခဲအကျိုးအပဲ့တွေပြန့်ကျဲနေတဲ့
မြို့လယ်လမ်းမကြီးပေါ်မှာ
အနက်ရောင်စန္ဒရားတစ်လုံးက တုံးလုံးလဲလို့
ဖိနပ်စီးလျှက်သားခြေထောက်တစ်ဖက်က
ဘေးမှာကျလို့
ခွေးတစ်ကောင်က
မိန်းမအသေရဲ့ရင်သားကို ကိုက်ဆွဲစားသောက်လို့။

ညကမြို့ပေါ်ဖြတ်ပျံသွားတဲ့ လေယာဉ်တွေရဲ့အသံဟာ
လတ်လတ်ဆတ်ဆတ် တိုက်ပျက်တွေရဲ့ကြား
ခုထိ
ပဲ့တင်ထပ်တုန်ခါနေတုန်း ....။    ။

ငမိုးဃ်း 
၁၂၊ ၂ ၂၀၁၄ (တနင်္ဂနွေ)