ဆောင်းယွန်းလ - နန်းကျ မင်းသားကြီးအတွက် အမိန့်စာ

နန်းကျ မင်းသားကြီးအတွက် အမိန့်စာ
ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၇၊ ၂၀၁၄



ရိုးရာယဉ်ကျေးမှုအရ
ဘုရားဆိုတာ ရွှေရှိရမယ်တဲ့…လား
ဆင်းရဲသား ပြည်သူတွေမှာတော့ 
အ၀တ်ရှိစရာ မလိုဘူးပေါ့
ထမင်းငတ်နေလည်း ဖြစ်တယ်ပေါ့လေ….

ရှေးဟောင်းအမွေအနှစ်ပျောက်ရင်
သမိုင်းပျောက်မယ်ဆိုလားပဲ
အသံက…မာန်ရေကျောရေ ဒေါသသံနဲ့
တရားအကြောင်းကို 
မဟားဒရား မတရားပြောတယ်
……….စိတ်ချ……
အပြစ်မဲ့သူတွေကို သတ်ပြီး
ပျောက်အောင် ဖျောက်ထားခဲ့တဲ့
ခင်ဗျားတို့ သမိုင်းကတော့ 
ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး….

ရွှေဘ စတိုင်လ်နဲ့
အာဏာကို သေနတ်ပြောင်းဝချိတ်ပြီး
မအေ နှမကိုင်တုတ်ခဲ့သူကြီးတွေက 
ထေရ၀ါဒ ထေရ၀ါဒ တွင်တွင်ပြောတော့
နားထောင်နေရတဲ့ နားတွေတောင် မောတယ်….

ပြည်သူပိုင်ငွေနဲ့ 
ဘရားကို ရွှေပြောင်အောင်ချတယ်
ပြည်သူကိုတော့ ထောင်သွင်းပြီး
အမှောင်နဲ့ အကျဉ်းချခဲ့တယ်…

အင်း….ဒါ…ဒင်းတို့ တပ်မတော်ရဲ့ စေတနာမှန်…..

ကုသိုလ် တပဲမှာ 
ခင်ဗျားတို့ ငရဲက ဘယ်နှစ်ပိဿရှိခဲ့ပြီလဲ
ငရဲကြီးရင် ငရဲလေးကိုနိုင်တယ်လို့ မှတ်သလား
ခင်ဗျားကျမယ့် ငရဲက အသူရကယ်

ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး….။