မြောက်ပိုင်း အေဘီ ကျောင်းသားများ ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားကျင်းပ
ရန်နောင်(ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၄
မြန်မာနိုင်ငံလုံးဆိုင်ရာကျော င်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF -မြောက်ပိုင်းမှာ ၁၉၈၉ျ မှ ၁၉၉၉၂ ကာလအတွင်း ကျောင်းသားအချင်းချင်းကြား သံသယများ၊ မယုံကြည်မှုများ ၊ပုဂ္ဂိုလ်စွဲ ဒေသစွဲများ ၊ အာဏာအားပြိုင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အဲသည် ကျောင်းသားတပ်ဖွဲ့ဝင်များအချင်း ချင်း မလိုမုန်းထား ၊အာဃာတကြီးစွာဖြင့် စွပ်စွဲညှင်းပမ်း သတ်ဖြတ်မှုတြွေ ဖစ်ပေါ်ခဲ့ပါတယ် ။ ထိုကျဆုံးသွားသော ကျောင်းသားများအတွက်အောက်မေ့ဖွ ယ်အခမ်းအနားကို ရန်ကုန်မြို့သုမင်္ဂလာလမ်းရှိ ဓမ္မပီယဘုန်းကြီးကျောင်းတွင် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည် ။
“၁၉၉၁ ခု သြဂုတ်လ ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံ ၃နှစ်ပြည့်အခမ်းအနားအပြီး ပါဂျောင်ဒေသ လိုင်စင်စခန်းမှာ ကျောင်းသားအချ
ကိုဘိုဘိုကလည်း “ဒီနေ့ထက်ထိ မေ့လို့မရသေးဘူးဗျာ ၊ ကျနော်က ၅၅ ယောက် ထွက်ပြေးတဲ့အထဲမှာတော့မပါပါဘူး ၊ မိဘတွေလာခေါ်လို့ ပြန်လာခဲ့တာပါ၊ တရားဥပဒေအတိုင်းဖြစ်အောင်လို့ ကျနော်တို့ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် မှာကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ် ၊ဒါပေမဲ့ အခုထိ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိသေးတာကတော့ဝမ်းနည်းစရာပါပဲဗျာ” ဟုမျက်ရည်များဝိုင်းကာ ကျဆုံးရဲဘော်များ အတွက် ဝမ်းနည်းစကားပြောကြားခဲ့ပါသည် ။
ဒေါက်တာနိုင်အောင်မှလည်း ပါဂျော င်သတ်ဖြတ်မှုနှင့်ပတ်သက်ပြီးမှန် ကန်သော တရားစီရင်မှုရရှိရေးအတွက် ယင်းအချိန်က တာဝန်ထမ်းဆောင်ခဲ့သော ထောက်လှမ်းရေးများ လာရောက်စစ်ေ ဆးခံဖို့လိုကြောင်း ပြောခဲ့ပါသည်။
ကျဆုံးကျောင်းသား ကိုအောင်ကျော်ြ မင့်၏မိခင်ဖြစ်သူမှလည်း ''သူသေတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲတွေကမှ သိရတာ ပါ။ ၅၅ ယောက်ထွက်ပြေးလာတာ တယောက်ကျခဲ့တယ်၊ အဲဒါဟာအဒေါ့်သားေ အာင်ကျော်မြင့်ပေါ့ကွယ် '' ဟုပြောပြခဲ့သည်။