အမေးနှင့်အဖြေ စွယ်စုံကျမ်း - ကမ္ဘာဂြိုလ် (ဂျူနီယာဝင်း၊ ရန်အောင်စာပေ)
မိုးမခစာအုပ်စင်၊ မတ် ၂၆၊ ၂၀၁၄
စာအုပ်အမည်
- အမေးနှင့်အဖြေစွယ်စုံကျမ်း - ကမ္ဘာဂြိုလ်
မူရင်းစာအုပ်
- Question and answer Encyclopedia 2006
ဘာသာပြန်သူ
- ဂျူနီယာဝင်း
ရန်အောင်စာပေ။
ထုတ်ဝေသူ ဦးလှတိုး
ပထမအကြိမ်၊
၂၀၁၄ မတ်လ
အုပ်ရေ
၁၀၀၀၊ တန်ဖိုး ၁၀၀၀ကျပ်
စာမျက်နှာ
- ၁၃၂
အခန်းများ၁၄ခန်း(ကမ္ဘြာကီး၊တိုက်များ၊မြေပုံများ၊မီးတောင်ငလျင်၊မြစ်ချောင်းအင်းအိုင်၊
သမုဒရာ၊ သဲကန္တာရ၊ တောတောင်၊ လေထု၊ ရာသီဥတု၊ ကမ္ဘာသယံဇာတများစသဖြင့်)
အတွင်းပုံများ အဖြူအမဲ ဓါတ်ပုံမှတ်တမ်းများ။ စာအုပ်အတွင်း
ထူးခြားချက်များ - မေးခွန်းနှင့်အဖြေများကိုရုပ်ပုံများနှင့်ယှဉ်တွဲဖော်ပြမှု။
အမေးနှင့်အဖြေစွယ်စုံကျမ်းဟူသော စီးရီးအောက်တွင်
သိပ္ပံနှင့် နည်းပညာ၊ အနုပညာအားကစားဖျော်ဖြေရေး၊ ကမ္ဘာ့သမိုင်း၊ လူ့ကိုယ်ခန္ဓာ၊ စကြာဝဠာ၊ ကမ္ဘာဂြိုလ်၊ ကမ္ဘာတခွင်၊ သဘာဝကမ္ဘာ ဟူ၍ အကြောင်းအရာ ၈ခု (စာအုပ်၈အုပ်)
ရှိပါသည်။ ထိုစာအုပ် ၈အုပ်တွင် သက်ဆိုင်ရာအခန်း
၁၄ ခန်းဆီပါရှိသည်။
ယခုထွက်ရှိလာတာက ၆ အုပ်မြောက် ကမ္ဘာဂြိုလ်
ဖြစ်ပါသည်။ ကမ္ဘာဂြိုလ်အကြောင်း တွင် ကမ္ဘာမြေ၊ မြေပုံများ၊ ကျောက်တုံး ကျောက်ဖြစ်ရုပ်ကြွင်း၊
မြစ်ချောင်းအင်းအိုင်၊ တောတောင် ရေမြေများနှင့် ရာသီဥတုများစသည်ဖြင့် အခန်း ၁၄ ခန်းပါဝင်သည်။
အထူးသဖြင့် ကမ္ဘာကြီး၏ကျမ်းမာရေးနှင့် ဆိုင်သောဖန်လုံအိမ်သက်ရောက်မူ၊ စွမ်းအင်၊ အသစ်ဖန်တီးနိုင်သောနည်း
(Recycling)၊ စွမ်းအင်ခြွေတာရေးများကို တိုတိုနှင့် အဓိပ္ပါယ်ဖွင့်ထားတာများ ပါဝင်သည်။
မီးတောင်၊ ငလျင်၊
မုန်တိုင်းများအခန်းများတွင် မြန်မာပြည်အပါအ၀င် ကမာ့နိုင်ငံအနှံ့အပြား မှာကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရယ်များ
နှင့်ပတ်သက်သည့် အချက်အလက်မှတ်တမ်း များကို ထပ်မံဖြည့်စွက်ထားချက်များနှင့် အတူတွေ့ရမည်ဖြစ်သည်။အတွင်းမှတ်တမ်းဓါတ်ပုံများနှင့်
ရုပ်ပုံများသည် မေးခွန်းအဖြေပုံစံ ရေးသားချက်များနှင့်အတူ အသက်ဝင်လျက်ရှိပါသည်။
အမေးနှင့်အဖြေစွယ်စုံကျမ်းစီးရီးတွင်
နောက်ထပ် ကမ္ဘာတခွင်နှင့် သဘာဝကမ္ဘာ နှစ်အုပ်သာထွက်ဖို့ ကျန်ပါတော့သည်။
