ရဲရင့်သက်ဇွဲ - သင်ဟာ သမိုင်းကြောင်းကောင်းဖို့  တခုခု လုပ်ခဲ့သလား ..

သင်ဟာ သမိုင်းကြောင်းကောင်းဖို့  တခုခု လုပ်ခဲ့သလား ..
ရဲရင့်သက်ဇွဲ
မတ်လ ၁၉၊ ၂၀၁၄



သံလွင် စစ်တောင်း ညာလက်မောင်း ဟေ့
စစ်မောင်းသံချီ ဒုဌ၀တီ
……………………………………
……………………………………
ပြည်သူ့ ရဲ့ သွေး ပြည်သူ့ ရဲ့ သွေး ပြည်သူ့ ရဲ့ သွေး 
ပြည်သူ့ ရဲ့ သွေး ဧရာဝတီ။
ငါ - ကြားတယ် ဧရာဝတီ
တိမ်တိုက်တွေရဲ့ အဆုံး ….
………………………………………
…………………………………………
မဟာသဘာဝရှင် ဧရာဝတီ
ဧရာဝတီ ဧရာဝတီ -
ငါ - ကြားတယ် ဧရာဝတီ
ရာဇ၀င်များရဲ့ သတို့သမီး -
…………………………………….
………………………………………
တောက်ပခဲ့တဲ့ နေ့ရက်များ
ငါ တို့ ရဲ့ မိခင် ဧရာဝတီ

ငါ - ကြားတယ် ဧရာဝတီ
မြစ်ဆုံကို အချစ်တွေ ပုံနေတုန်း
နရီမပီ စည်းမညီတဲ့ တိုးတိတ်သဲ့သံ
အို - ဧရာဝတီရဲ့ နာကျည်းမှုနဲ့  ငိုရှိုက်သံ။

ကဲ - ဧရာဝတီကို သစ္စာခံဘို့ 
ဧရာဝတီကို ချစ်မြတ်နိုးဘို့ 
မြစ်ဆုံကို အပျိုရည် မပျက်ဘို့ 
ငါတို့ တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေကို
ကာကွယ်ဘို့  ခေတ်ရဲ့ တောင်းဆိုမှုထဲ
ရဲရဲကြီး ခုန်ချကြစို့ ကွဲ့။

သင်ဟာ သမိုင်းကြောင်း ကောင်းဘို့  တခုခုလုပ်ခဲ့သလား၊

ဧရာဝတီကို ကယ်တင်လိုက်ပါ၊ မြစ်ဆုံကို ကာကွယ်ကြပါ။

သင်ဟာ သမိုင်းကြောင်း ကောင်းဘို့  တခုခုလုပ်ခဲ့သလား၊

ဧရာဝတီအတွက် တိုက်ပွဲ ၀င်ပါ၊ မြစ်ဆုံအတွက် တိုက်ပွဲ ခေါ်ပါ။

ငါ ကြားတယ် ဧရာဝတီ၊ ငါ ကြားတယ်။

ရဲရင့်သက်ဇွဲ
၀၅၀၄၂၀၁၂

၃း၀၃နာရီ