ဆောင်းလူ - ဖြတ်သွား ဖြတ်လာများကြား

ဖြတ်သွား ဖြတ်လာများကြား
ဆောင်းလူ
မတ်လ ၂၆၊ ၂၀၁၄


 
ဖြတ်သွား ဖြတ်လာတွေကြား
ဖြတ်ညှပ်ကပ်တွေလည်း ပေါတယ် ...

ဖြတ်သွား ဖြတ်လာတွေကြား
မဲ့နေတဲ့ မျက်နှာပေါ်မှ အပြုံးတုတွေ ပေါတယ် ...

ဖြတ်သွား ဖြတ်လာတွေကြားမှာ
စိတ်လိုလက်ရအချစ် အတုတွေ ပေါတယ် ...

ဖြတ်သွား ဖြတ်လာတွေကြားမှာ
အမုန်း စစ်စစ် ရန်သူ စစ်စစ်တွေ ပေါတယ် ...

ဒီခေတ်ထဲ
ဖြတ်သွား ဖြတ်လာတွေကြား
အဟောင်းအမျဉ်းတွေ ဈေးကောင်းရနေတာတော့
စိတ်အချဉ်အပေါက်ဆုံးပဲ ...။