စာပေဗိမာန်
ဦးအေးမောင် (၁၉၁၄ - ၂၀၁၄) ရာပြည့်အထိမ်းအမှတ် ကျင်းပ
မိုးမခ၊
မတ် ၂၁၊ ၂၀၁၄
စာပေဗိမာန် ဦးအေးမောင် (၁၉၁၄ - ၂၀၁၄) ရာပြည့်အထိမ်းအမှတ်ကို အရိယမဂ္ဂင်
သာသနာ့ရိပ်သာ၊ ရန်ကင်းမြို့နယ်တွင် မတ် ၁၆၊ တနင်္ဂနွေနေ့၊ နေ့လည် ၁နာရီမှ ၂နာရီခွဲအထိ
ကျင်းပပြုလုပ်ခဲ့သည်။
အခန်းအနားတွင် ကျောင်းထိုင်ဆရာတော်ကြီးမှ နမောတဿဖြင့် ဖွင့်လှစ်ပေးခဲ့ကာ
သြ၀ါဒဖွင့် အမှာစကားပြောကြားပြီးနောက်တွင် စာပေဗိမာန် ဦးအေးမောင်၏ သားဆရာဦးလှတိုးမှအဖွင့်
စကားပြောသည်။ ထို့နောက် ဦးအေးမောင် အမှတ်တရစကားများကိုဆရာကြီးဦးတင်မောင်၊ ဦးမြထွေး(မင်းလှမြထွေး)၊
ဒေါက်တာခင်မောင်ဝင်း (သချာင်္)၊ ကဗျာဆရာ(ဦး)အောင်ဇင်မင်း၊ တက္ကသိုလ်စိန်တင်တို့က ပြောကြားခဲ့ကြပြီး၊
တက်ရောက်လာသူများထဲမှ ဦးသန်းဝင်းလှိုင်၊ ဦးညီညီနိုင်၊ စာရေးဆရာဖိုးကျော့နှင့် ဆရာမဒေါ်သီရိ၊
တက္ကသိုလ် အေးမြစန္ဒာတို့ကဆရာကြီးနှင့် ပတ်သက်သောကျေးဇူးစကားများကိုပြောကြားခဲ့ကြသည်။
ဆရာကြီး၏ ထင်ရှားသောစာအုပ်များမှာ - ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ၊ သိပ္ပံနည်းစူးစမ်းမူနှင့်
သိပ္ပံပညာသဘော၊ ဦးဝင်းမောင်နှင့်တွဲဖက်ရေးသားသောသေသည်၏ အခြားမဲ့၊ တို့အပြင် အင်္ဂလိပ်ဘာသာဖြင့်
ဘာသာပြန်ဆိုရေးသားသောမဟာစည်ဆရာတော် ကြီး၏ တရားစာအုပ်များ ဖြစ်ပါသည်။ ရာပြည့်အခန်းအနားတွင်
ဆရာကြီး၏ ထူးခြားသောအဘိဓမ္မ များအပါအ၀င် ဆရာကြီး၏ အမှတ်တရစာပေများ အကြောင်းကို တက်ရောက်သူများဗဟုသုတဖြစ်ဖွယ်
နားဆင်လိုက်ရသည် မှာ မှတ်သားစဖွယ်ဖြစ်ပါသည်။























