ဦးနန္ဒဝံသ (ကာရိုလိုင်းနား) - ကပ္ပိယ အနုံတောင်မှ ပြနိုင်တဲ့ အကွက်တွေ

ကပ္ပိယ အနုံတောင်မှ ပြနိုင်တဲ့ အကွက်တွေ 
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
မတ်လ ၂၄၊ ၂၀၁၄



လက်တွေ့မကျတဲ့အရာတွေ ပြတဲ့အကွက်တို့မှာ
မျက်လှည့်ဆရာလောက်တောင်မှ မစွမ်းလှတဲ့ 
အလိမ်အညာ လက်ချက်များစွာကို
ကြည့်ကောင်းလို့  ကြည့်နေတာတော့
ကျုပ်တို့ က မဟုတ်ကြဘူးနော် ဆရာတို့။

အထင်တော့ မသေးလိုက်ပါနဲ့
လက်ခုပ်လေးတောင် မတီးတာကိုကြည့်
အခုမှ အကြောင်းတွေသိတာ မဟုတ်ဘူး
ဆွေ ခုနှစ်ဆက်တောင်ရှိတော့မယ်
ပြကွက်တွေက မပြောင်းသေးဘူးလား။

ဘူးပေါ်သလို မပေါ်ခင်ထဲက 
အညာတွေမှန်း သိခဲ့ပါရဲ့
ထူးကွက်လေး တစ်ချက် တစ်လေများမှ
လှစ်ကနဲ ဖန်ဆင်း ပြလိုက်အုံးမှာလားလို့ 
စိတ်တင်းကာ မျှော်လင့်ရင်း 
သီခံခြင်း အပြည့်နဲ့
ဟင်း ဆိုပြီး ဒီပွဲကို ဆက်ကြည့်နေခဲ့တယ်။

ကြာလာတော့ အနှစ်က ဘာမှမရှိ
ပြကွက်က မထိတထိမို့
ကြည့်ပြီး လုပ်ကြအုံး
အားလုံး အူယားကုန်ပြီ။

ဒီလိုလှည့်ကွက်တွေလောက်တော့
ပညာများ သိပ်မောက်တယ်လို့ 
အထင်မရောက်လိုက်ကြလေနဲ့
ဘဝက်ထိ ပေါက်သွားအောင်
သိပ်မိုက်လှတဲ့ မောင်တို့။

တစ်ခဏလောက်မျှ
စင်ပေါ်မှ  ဖယ်ပြီးပေးကြရင်
ရှေ့  မှာရှိတဲ့ ပရိဿတ်တွေထဲက
အထုံဆုံးလို့ပြောရတဲ့ 
ငနုံဆိုတဲ့ ကျောင်းက ကပ္ပိယတောင်မှ
ဒီအကွက်မျိုးတွေလောက်
ကြိုက်သလောက် ပြလို့ရတယ်

အရှက်တွေ အပေါက်ခံနိုင်ရင်ပေါ့။