ရန်နောင်(ဗိုလ်တထောင်) မတ် ၁၄၊ ၂၀၁၄
စာရေးဆရာမ တက္ကသိုလ်မကျုည်းတန်၏ "အရေးတော်ပုံရှစ်သမိုင်းနှင့် မော င်ဝိုင်းတို့စပ်မိစပ်ရာ" စာအုပ်မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ် မတ်လ ( ၉ ) ရက် တနင်္ဂနွေနေ့
နေ့လည် ၁ နာရီက တော်ဝင်နှင်းဆီ စားသောက်ဆိုင်၏ သီရိခန်းမ၌
ကျင်းပပြုလုပ်ခဲ့ပါသည် ။
အဆိုပါ စာအုပ် မိတ်ဆက်ပွဲ၌ ကဗျာဆရာ မောင်စိမ်းနီ
၊ကဗျာဆရာအောင်ဇင်မင်း ၊ ဆရာလှကျော်နေ ၊ ဆရာလေးကိုတင် တို့မှ ဂန္ထဝင်မောင်ဝိုင်းအမှတ်တရ စကားများပြောကြားခဲ့ကြပြီး ဆရာမ တက္ကသိုလ် မကျည်းတန်မှ
စာအုပ်ထုတ်ဝေရခြင်းအကြောင်းကို ပြောကြားခဲ့ပါသည် ။
ဂန္ထ၀င်မောင်ဝိုင်းနှင့် မိသားစု ရှစ်လေးလုံးအရေးတော်ပုံကာလမတို င်မီ လှုပ်ရှားမှုနှင့် မောင်ဝိုင်း၏သား မောင်မောင်ကျော် တို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို ရေးဖွဲ့ထားသော သမိုင်းဝင်စာအုပ်တစ်အုပ်ဖြစ်ပါ သည်ဟု ဆိုပါသည်။
စာအုပ်မိတ်ဆက်ပွဲတွင်
အဆိုတော်ဟင်္သာတထွန်းရင် မှလည်း အမှတ်တရစကားပြောကြားခဲ့ရုံသာမက ''
မွေးမေကျေးဇူးဆပ်ဖူးချင်တယ်'' နှင့် " ငွေ''
သီချင်းနှစ်ပုဒ်အား သီဆိုဖျော်ြေ ဖပေးခဲ့ပါသည်။
ထိုစာအုပ်အား ပညာရွှေအိမ်စာအုပ်တိုက်မှ တပြည်လုံးသို့ တန်ဖိုး လေးထောင် ကျပ်ဖြင့် ဖြန့်ချိရောင်းချမည်ဖြစ် ပါသည်။