နိုင်ဦးညို (ဖိုးဇီးရိုး)
ဧပြီ ၂၁၊ ၂၀၁၄
မထူးဆန်းပါဘူး
ကြယ်တွေကြွေတာ
ဒါ သွားရမယ့်လမ်း ...။
ဒါပေမယ့် မသွားခင်
ကိုယ်လျှောက်ခဲ့တဲ့လမ်း
နောက်ကြောင်း ရှင်း မရှင်း
ပြန်လှည့်ကြည့်စရာမလိုတဲ့
ထိပ်ဆုံးက လူတယောက်...။
ကြယ်စင်စာရင်း
ဘလက်လစ်စာရင်း
သူရဲဘောတွေကြောက်တဲ့စာရင်းတွေထဲ
ထိပ်ဆုံးက လူတယောက် ...။
ဘာတံဆိပ် ညာတံဆိပ်
ဟိုလူပေး ဒီလူပေး သူရ ငါရဘွဲ့တွေနဲ့
လုံးဝ လုံးဝ မထိုက်တန်တဲ့
ထိပ်ဆုံးက လူတယောက် ...။
သာမညောင်ည
လူထဲက လူတယောက်လို
ထာဝရနေထိုင်သွားတဲ့
ထိပ်ဆုံးက လူတယောက် ...။
သူပြောခဲ့တဲ့ နောက်ဆုံးစကားတွေထဲက
သမိုင်းတွင်စေမယ့် ဂုဏ်ပြုစကားတခွန်းနဲ့
နှုတ်ဆက်လိုက်ပါတယ် ...။
အဟမ်း အဟမ်း
ထွီ …။ ။
(သရုပ်ဖော် - သြရသ)