ဘပြောင်၏ “ဆင်း…ဆပ်”
အီကြာအော်
ဧပြီ ၉၊ ၂၀၁၄
ဘပြောင်၏ ဖွရေးဆိုခွင့်ရှိသူ ရဲပွတ်ခမျာ နာမည်ရင်း ပျောက်ပြီး ဖွဘုတ်ကိုပွတ်၍ ဖွလွန်းသဖြင့် “ရဲပွတ်”ဟု အမည်တွင်ရှာသည်။
ဘပြောင်။ ။ဟေ့ကောင် ရဲပွတ်…၊ငါ့ကို ရာထူးကဆင်းပြီး အကြွေးတွေ ဆပ်ခိုင်းတာ ဘယ်အကောင်တွေလည်းကွ…။
ရဲပွတ်။ ။အဘပြောင်ကို ဘယ်သူတွေကများ ဘာများ ပြောနေလို့လည်း….။
ဘပြောင်။ ။ရွာသားတွေ အတော်များများက “ဆင်း….ဆပ်..၊ဆင်း….ဆပ်” ဆိုပြီး ပြောနေကြတယ်လေ။
ရဲပွတ်လည်း သူ့ခေါင်းကိုသူပွတ်ပြီးသကာလ
ရဲပွတ်။ ။အင်း….၊ “ဆင်း …ဆပ်” ဆိုတာ သန်းခေါင်စာရင်း ကောက်နေတာပါ အဘရဲ့…၊ အဘပြောင်ကို လူချစ်လူခင်လား ဒီလောက် ပေါတာဂျီးကို…။
ဤသို့ဆိုရင်း ရဲပွတ်က အဘပြောင်၏ လမ်းညွှန်မှုဖြင့် ၂၀၁၄ ခုနှစ် “ဆင်းဆပ်”ကို တစ်ရွာလုံးတွင် ရွာလုံးကျွတ် ကလေးပါမကျန် ခွေးပါမကျန် အားရပါးရ ကောက်နေကြောင်းသတင်းကို ဖွဘုတ်မှတစ်ဆင့် ပွတ်ဖွ ဖွလေတော့သတည်း။
ပွတ်..ပွတ်….ပွတ်…၊
ဖွတ်…ဖွတ်…ဖွတ်။ ။
