စောငို - ကြယ်ပြောင်ကြီး


ကြယ်ပြောင်ကြီး

စောငို၊ ဧပြီ ၂၅၊ ၂၀၁၄



အာကာပြာလဲ့             
 ကဗျာဖွဲ့သည် 
အဘယ့်ကြယ်ပြောင်                                                                                          
လူ့ဘောင်ခရီး ပြီးခဲ့ပြီ။



မဟာသတ္တိ

ဗျတ္တိပိုင်ရှင်

အကြင်အာဇာနည်ကား

တိုင်းပြည်အလုံး

စိတ်နှလုံးကို

သိမ်းကျုံး ဆောင်ယူသွားခဲ့ပြီ။



ဘ၀တပါး

ပြောင်းသောငြားလည်း

ဆရာကြီးတရား

သည်အား သည်မာန်

အမိပြည်မြန်တွင်

တရံမလပ်

ပဲ့တင်ထပ်မျှ

လောကအကျိုး နှိုးတော့သည်။



ပြာလဲ့အာကာ

မိုးသောက်ရာဖို့

ပြုဗ္ဗာကြယ်ကြီး

ခရီးလမ်းပြ ခဲ့သတည်း။



စောငို

အမာရီလို (၂၀၁၄၊ ဧပြီ ၂၄)

(ဆရာကြီး ဦးဝင်းတင်ကို ကန်တော့ပါသည်)­­­­

(သရုပ်ဖော် - ပေါ်ဦးသက်၏ ဦးဝင်းတင်ပန်းချီကား)