ဦးနန္ဒဝံသ (ကာရိုလိုင်းနား) - သိကြားမင်းရယ် မထူးရင် နောင်နှစ် ဆင်းမနေပါနဲ့
သိကြားမင်းရယ် မထူးရင် နောင်နှစ် ဆင်းမနေပါနဲ့
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဧပြီ ၉၊ ၂၀၁၄
ဒကာတော် သိကြားမင်း
သင်္ကြန်တွင်းရောက်ရင် 
လူ့ပြည်ကို နှစ်တိုင်းဆင်းနေရ 
ပင်ပန်းလှရောပေါ့။။
အခုနှစ် သိကြားမင်းဆင်းမဲ့ 
ကျုပ်တို့ ရဲ့နိုင်ငံတွင်းမှာက
သိပ်ဆင်းရဲကြတော့
သင်္ကြန်ကျလဲ  
ပျော်လှနိုင်မယ် မထင်ဘူး။။
သိကြားမင်း ဆင်းတာ
နှစ်တွေလဲ အတော်ကြာပေါ့
ကျုပ်တို့ ဆီမှာ
ပြောင်းလဲသွားတာဆို 
နာမည်လိုဟာမျိုးတွေက လွဲရင်
ဘာများထူးခြားတာ 
တွေ့ မိပါသလဲ။။
ဒီမူ နဲ့ ဒီလူ
အတူတူတွေဘဲဟာကို
လူမိုက်များရဲ့ စာရင်း
ခွေးသား(သ)ရေနဲ့ လုပ်တဲ့ 
ပုရပိုက်ကြီး အတွင်းမှာ
နှစ်တိုင်း စာရေးပြီးမှတ် 
စိတ်ဓာတ် မကျသေးဘူးလား။။
ဒီတစ်ခေါက် လူ့ ပြည်ရောက်ရင်
သိကြားမင်းပုရပိုက်ကြီးဟာ
ခေတ်တုံးကာ နေပြီမို့ 
အခုခေတ်ပေါ်ပြူလာဖြစ်နေတဲ့
နာမည်ကျော် အိုင်ပက် (iPad) ကိုဝယ်သုံးပြီး
ကျုပ်တို့ နိုင်ငံတွင်း
အကောင်းတွေ လုံးဝပြောင်းလဲမှု မရှိမချင်း
လူမိုက်တွေ ဓာတ်ပုံနဲ့ အင်ဖော်မေးရှင်းကို 
ဟာ့ဒ်စ် (hard disk) အတွင်းမှာ 
အသေသာ မှတ်ထားပြီး
သိပ်ထူးခြားတာ မတွေ့ ရင်
နောက်နှစ်ခါ သင်္ကြန်ကစ 
ဒကာတော်သိကြားမင်းလဲ အနားရအောင်
ကျုပ်တို့နိုင်ငံ ဆင်းကြွမလာပါနဲ့တော့။။