မောင်စိုးချိန် - ပဋိပက္ခ (ပြိုင်ပွဲဝင်သူနှစ်ဦး)

ပဋိပက္ခ (ပြိုင်ပွဲဝင်သူနှစ်ဦး)
မောင်စိုးချိန်
မေ ၃၁၊ ၂၀၁၄
 
illustration by Toni Demuro

 မကောင်းမှု အနည်းနည်း
ဖန်တီးကြစတမ်း၊ ယှဉ်ပြိုင်လမ်းမှာ
မြင့်မြတ်သူသာ အရှုံးသမား။

ဖြောင့်မတ်မှု အနည်းနည်း
ဖန်တီးကြစတမ်း၊ ယှဉ်ပြိုင်လမ်းမှာ
ယုတ်မာသူက အရှုံးသမား။

ပြိုင်ပွဲဝင်သူ
ဘယ်သူရှုံးမှိုင် ၊ ဘယ်သူနိုင်မလဲ
မေးမြဲမေးကြ ၊ ထိုမေးခွန်းက
အဓိက မဟုတ်တော့။

ဘယ်အကြောင်းအရာဆီ
ဦးတည်ပြိုင်မလဲ
ဒါပဲ အဓိက။

မောင်စိုးချိန်
ဒီဇင်ဘာ ၃၊ ၁၉၉၉