အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များဆွေးနွေခဲ့သည် လူငယ်တွေ့ဆုံပွဲ
ဧပြီ ၉ ရက်၊ ၂၀၁၄ ။ ရန်ကုန်
ဆူးအယ်လ်လင်း
ဧပြီ ၉ ရက်၊ ၂၀၁၄ ။ ရန်ကုန်
ဆူးအယ်လ်လင်း
ဓာတ်ပုံ - ဆူးအယ်လ်လင်း
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုမှ လူငယ်ကိုယ်စားလှယ်များက သိရှိလိုသည့်အ ချက်များကို မေးမြန်းခဲ့ကြပြီး ဗဟိုဥပဒေပြုထောက်ကူအဖွဲ့မှ ဦးဋ္ဌေးဦးက မေးမြန်းချက်များကို ဖြေကြားပေးခဲ့သည်။
“အုပ်ချုပ်တဲ့လူတွေကို ပြည်သူတွေကနေပြီးတော့ စည်းကမ်းသတ်မှတ်တဲ့ ယဉ်ကျေးမှုခေတ်ထဲကို ကျနော်တို့ရောက်နေပြီ။ ပြည်သူတွေက သတ်မှတ်တဲ့စည်းကမ်းအတိုင်း အုပ်ချုပ်သူတွေက လုပ်ရမယ်ဆိုပြီးတော့ သတ်မှတ်လိုက်တဲ့ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ခေါ်ပါ တယ်” ဟူ၍ ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
ဓာတ်ပုံ - ဆူးအယ်လ်လင်း
လက်ရှိတွင် ရန်ကုန်တိုင်း လေးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ရွေးချယ်ခဲ့ကြသည့် လူငယ်လုပ်ငန်းအဖွဲ့များကို ယမန်နေ့ကပြုခဲ့ခဲ့ သည့် ပွဲမှပင် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

