ဆူးအယ်လ်လင်း - တရုတ် - မြန်မာ ချစ်ကြည်ရေးသံတမန်အဖြစ် စွန်းဝူခုန်းသရုပ်ဆောင် Liu Xiao Ling Tong ရောက်ရှိ
တရုတ် - မြန်မာ ချစ်ကြည်ရေးသံတမန်အဖြစ် စွန်းဝူခုန်းသရုပ်ဆောင် Liu Xiao Ling Tong ရောက်ရှိ
ဆူးအယ်လ်လင်း
ရန်ကုန်၊ မေ၂၇၊ ၂၀၁၄
ဆူးအယ်လ်လင်း
ရန်ကုန်၊ မေ၂၇၊ ၂၀၁၄
၁၉၈၆ ခုနှစ်တွင် ထုတ်လွှင့်ပြသခဲ့သည့် မဇ္ဈိမခရီးသည်ဇာတ်လမ်းမှ သရုပ်ဆောင် စွန်းဝူခုန်း “လျှို့သျှောင်လင်ထုံ” မြန်မာနိုင်ငံသို့ ချစ် ကြည်ရေးခရီး ရောက်ရှိလာပြီး သန်လျင်မြို့နယ်ရှိ ဆုတောင်းပြည့် တိုင်းရင်းသားပရဟိတဂေဟာကို ကျပ်ငွေဆယ်သိန်း လှူဌာန်း ပေးအပ် သည့် အခမ်းနားကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီက ရွှေထွဋ်တင်လမ်းရှိ Sky Star Hotel တွင်ကျင်းပခဲ့သည်။
တရုတ်- မြန်မာချစ်ကြည်ရေး သံတမန်အဖြစ်ရောက်ရှိလာသည့် စွန်းဝူခုန်းသရုပ်ဆောင် “လျှိုသျှောင် လင်ထုံ” သည် မျောက်ဇာတ်ရုပ်ကို မျိုးဆက်လေးဆက်မြောက်၏ မျိုးဆက်သစ်အဖြစ် သရုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်း၏ဘိုးဘေးများကလည်း မျောက်ဇာတ်ရုပ်ဖြင့် သရုပ်ဆောင် လောကတွင် ထင်ရှားခဲ့သည်ဟုဆိုသည်။
သူ၏ဖခင်ကလည်း မျောက်ဇာတ်ရုပ်ဖြင့်ထင်ရှားခဲ့သောကြောင့် ၎င်းအသက်ခြောက်နှစ်အရွယ်မှစ၍ ဖခင်ထံမှ မျောက်ဇာတ်ရုပ် အမွေရခဲ့သည်။
၎င်းအနေဖြင့် မြန်မာသရုပ်ဆောင်များနှင့် တွဲဖက်ကာ ဇာတ်လမ်းတွဲတစ်ခုရိုက်ချင်ကြောင်းနှင့် မြန်မာနိုင်ငံ၏လှပသောနေရာများတွင်လည်း ရုပ်ရှင်ရိုက်ချင်သေးကြောင်းဆိုသည်။
“မြန်မာနိုင်ငံကိုရောက်လာရတာ အရမ်းပျော်ရွှင်မိတယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးသံတမန်အဖြစ်ရောက်လာရတဲ့အတွက် ဂုဏ်ယူပါ တယ်”
၂၀၁၂ ခုနှစ်မှာ မဟာမိတ် ချစ်ကြည်ရေးအဖွဲ့မှ ငြိမ်းချမ်းရေးသံတမန်ဘွဲ့ ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံကချီးမြှင့်သည့် သရုပ်ဆောင်ရွှေဆု ကိုရရှိခဲ့သည်။
ပြည်တွင်းပြည်ပတွင် အကြိမ်ရေ သုံးထောင်ကျော် ထုတ်လွှင့်ပြသခဲ့သောကြောင့် အကြိမ်ရေအများဆုံးပြသမှုစံချိန်ကိုချိုးနိုင်ခဲ့သည့်အပြင် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်ရေးတွင်လည်း တဖက်တလမ်းက စွမ်းဆောင်နိုင်ခဲ့သည့်ဇာတ်လမ်းတွဲဖြစ်သည်။
မေလ၂ ၁ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းနှင့် နေပြည်တော် ပုဂံ၊ မန္တလေးသို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။



