ကာတွန်းဝင်းအောင် - အာဏာရှင် ကောင်းမှု


အာဏာရှင် ကောင်းမှု 
ကာတွန်းဝင်းအောင် (သူ့ဖေစ်ဘွတ်ကနေ ကူးပါတယ်)၊ ဇွန် ၁၊ ၂၀၁၄
ကျနော့်ကို အတွေးခေါင်တယ်ပြောပြော တယူသန်တယ်ပဲဆိုဆို အာဏာ ရှင်မင်းဆိုးမင်းညစ်တွေတည်တဲ့ ဘုရားတွေကို ဖူးလေ့မရှိဘူး ။
ပုဂံကို ရောက်ရင် သီဟသူတည်တဲ့ ဓမ္မရံ ကြီးကို ကျနော်မဖူးဘူး။ နောက်ပြီး ဦးနေဝင်းတည်တဲ့ မဟာဝိဇိယ ဆို ရင် ဖူးဖို့နေနေသာသာ ပရဝုဏ်ထဲ တောင် မရောက်ဖူးဘူး ။ ဘာဖြစ်လို့ လည်းဆိုတော့ ဘာသာသာသနာ ကို ကြည်ညိုသဒ္ဒါစိတ်နဲ့ ပြန့်ပွား အောင် တည်တံ့အောင် စိတ်ကော င်း နှလုံးကောင်းနဲ့ တည်ခဲ့တာမ ဟုတ်ဘူးလို့ ယုံကြည်လို့ပါ ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတဲ့သဘော ဘုရားတ ကာ ကျေင်းတကာအဖြစ် နံမည် ကောင်းယူပြီး သမိုင်းမှာ သာသနာ ပြုမင်းအဖြစ်တွင်စေချင်တဲ့သဘော အမှားတွေကို သာသာရေးနဲ့ ဖုံးကွယ်ချင်တဲ့သဘောလိုပဲ ကျနော်မြင်တယ်။
 ကျနော်အဓိက ပြောချင်တာက မန္တလေးက ကျနော့်အမေရောက်နေတယ် အမေက မင်းဓမ္မကုန်းတော်မှာရှိတဲ့ လာဘမုနိကျောက်တော်ကြီးဘုရား ဖူးချင်လို့ ကျနော့်ကို လိုက်ပို့ခိုင်း တယ် ။ (ဒီဘုရားက အားလုံးသိတဲ့ အတိုင်း) အာဏာရှင်ကြီးဦးသန်းရွှေ တည်ခဲ့တဲ့ဘုရားပါ။ ဒီတော့ ကျနော် က လိုက်မပို့ချင်ဘူး ဒါပေမယ့် အမေက ဒီဘုရားဆင်းတုကြီးကို မန္တလေးမှာထုနေတုန်းက စကျင် ကျောက် အကြမ်းထည်ကြီးပဲ တွေ့ ဖူးတာ ဘုရားကြီးပြီးသွားမှ မဖူးရ သေးဘူး ဖူးချင်တယ် ဆိုတော့ ကျနော်လည်းမနေသာတော့ဘူး ဒါနဲ့အမေ့ကို လိုက်ပို့ဖြစ်ပါတယ် ။
လာဘမုနိကျောက်တော်ကြီးဘုရား ရောက်တော့ ဘုရားကိုသေသေခြာ ခြာ မဖူးတွေ့ခဲ့ရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ကျောက်ဆင်းထုရုပ်ပွား တော်ကြီးကို လေးဘက်လေးတန် မှန်သားထူထူကြီးတွေနဲ့ ပိတ်ကာ ထားလို့ပါပဲ ။ မှန်တွေက အလင်းပြန် နေတော့ ဘုရားဖူးတွေ ရှင်းရှင်း လင်းလင်း ကြည်ညိုလို့မရတဲ့အပြင် လွတ်လွတ်လပ်လပ်လည်း ဖူးမြော် ခွင့်မရပါဘူး။  ဘာကြောင့် ဒီလိုလုပ် ထားသလဲဆိုတာ ကျနော်စဉ်းစား လို့မရဘူး။  ဒီဆင်းတုတော်ကြီးကို မချီပြီး ခိုးသွားလို့ရတာလည်းမ ဟုတ် ရွှေပွတ်မှာစိုးရအောင် ရွှေ ဆင်းထုလည်းမဟုတ် ပြီတော့ ဘုရားလုံခြုံရေးတွေလည်းရှိနေတာ ပဲ ။
ဘုရားကြီးကိုကြည့်ပြီး ကာတွန်း ဆရာပီပီ ကာတွန်းတွေး တွေးပြီး ပြုံးမိတယ် ။ အာဏာရှင်တည်တဲ့ ဘုရားဖြစ်ရတာလည်း မစားသာပါ လား ။ ဘုရားဖြစ်တာတောင် အကျဉ်းချခံနေရတယ်လို့ ။