အခြေအနေအရ
စေပိုင်ထွဋ်(ပုသိမ်)၊ ဇွန် ၁၉၊ ၂၀၁၄
ရင်ချင်းဆက်
အမြွှာတောင် အယူအဆကွဲတဲ့ကမ္ဘာ
မတူတာ
အပြစ်မဟုတ် မတူလို့ ရန်ထဖြစ်တာ...
အားစိုက်ပြီး
ပစ်တဲ့လှံက ခပ်ဝေးဝေးကို ရောက်မှာပဲ
သူခိုးသာ
မရှိရင် သော့ခလောက်လည်း တင်းကျပ်စရာမလို
စာရိတ္တတွေ
ဘာဖို့/ ညာဖို့ အာက် ကိုယ်ယောင်ဖျောက်သွားကြ “ကောင်းလား...”
ငမွဲတစ်ကောင်ရဲ့
ဖွင့်ဟ၀န်ခံချက်
အိမ်မက်တွေ
အရင်းကြီးလို့ အနားကပ်ခွင့် မရဘူးတဲ့
ဆင်သွားရာ
လမ်းဖြစ်ခဲ့ဖူးတယ်...သေလမ်း
အမှန်တရားအတွက်
လိုအပ်ရင် အသက်ဓာတ်မီးမြိုက်မယ့်ဓားလည်း မကြောက်နဲ့
ဆောင်ပုဒ်-
လူသားစား နွယ်ရှင်ကြီးတွေအား တို့တိုင်းပြည်သို့ အ၀င်မခံရ
ခေတ်က
ပတ္တမြားကျောက်စီဓားလား သံချေးတက်ဓားလား မသေချာ
ခင်ဗျားကြီး ...
မြေကြီးအကြောင်း
နားလည်ချင်ရင် ဆန်ကြမ်းအရင် ကျင့်စားကြည့်
ဘယ့်နှယ့်
ကောင်းကင်ချည်းပဲ ကုန်းပိုးတင်နေတာလဲ
အရင်လို
စက်ဝိုင်းတွေ လှည့်ပြ/လည်ပြတာ မကြည့်ချင်တော့
တစ်ကိုယ်လုံး
ရွေ့သွားမယ့် ကင်းခြေများကောင်ပဲ မျှော်လင့်နေ
သိထား
... ကဗျာဆိုတာ ဖျက်ပိုးတွေအတွက် ပိုးသတ်ဆေး
အခြေအနေအရ
ဥပဒေက
ဥပဒေပီသမှ လိုက်နာရသူတွေ သာဓုခေါ်မယ် ။
။
(Photo credit - Aung Htet)
