မော်ကွန်းမဂ္ဂဇင်း ဇွန်လထုတ် မနက်ဖြန် (June 17) မှာ စာအုပ်ဆိုင်တွေပေါ် ရောက်ပါတော့မယ်မိုးမခစာအုပ်စင်၊ ဇွန် ၁၇၊ ၂၀၁၄
Interview - တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြောင်းပါ။ မော်ကွန်းသတင်းအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သူတွေကတော့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ဒေါက်တာတူးဂျာ၊ NCCT မှ ဦးနိုင်ဟံသာနဲ့ ဒေါက်တာဆလိုင်းလျာမှုန်းဆာခေါင်း၊ ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ ဦးစိုင်းညွန့်လွင်၊ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးလှမောင်ရွှေတို့ဖြစ်ပါတယ်။
Essay သူပုန်ဆိုတာ ချိုနဲ့လား၊ Analysis မဟာဗျူဟာလမ်းခွဲ၊ Photo Essay မြစ်ဆုံစီမံကိန်းရပ်တန့်ရေး လမ်းလျှောက်ဆန္ဒပြသည့်မြင်ကွင်းများ၊ Travelog သတင်းခရီးသည်ရဲ့ တောင်ပေါ်မြို့ခရီးစဉ်၊ Profile ပန်ထွာဧကရီ၊ Forgotten ပျောက်ဆုံးသွားသော ခုံဖိနပ်၊ Satire နာမ်စားများ
အစရှိသဖြင့် ဖတ်ရှုခွင့်ရမှာပါ။
ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်။