ဆောင်းယွန်းလ - "ခင်ဗျား အသံစုတ်ကြီးကို လွှင့်ပစ်လိုက်ပါ"

ဆောင်းယွန်းလ - "ခင်ဗျား အသံစုတ်ကြီးကို လွှင့်ပစ်လိုက်ပါ"
ဇူလိုင် ၃၁၊ ၂၀၁၄

ခေတ်ကို
ခိုးခိုးခစ်ခစ်ရယ်ပြတတ်ဖို့
မျက်နှာဖုံးတချပ် သပ်သပ်ဆောင်ထားရမှာလား

သက်သက်လွတ်စားဖို့ ဈေးကြီးလို့တဲ့
ရရာအသားကို စားနေတာက ဇာတ်တူသား

မှန်မှန်ပြောတိုင်း
ကိုယ့်ဆီပြန်မှန်တဲ့ ကျည်ဆံတွေက
အရောင်းသွက်ဈေးကွက်ထဲက ဈေးအပေါဆုံး တွင်းထွက်တဲ့

ရာဇ၀င်များရဲ့ သတို့သမီးကို
ရှားပါးစာသားတွေနဲ့ ကိုငှက်ဆိုခဲ့တုန်းကတော့
သိပ်နားထောင်လို့ကောင်းတာပဲ

နားထောင်လို့မကောင်းတာက
မကြာခဏကြားနေကျ
ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးအကြောင်း

အဟောင်းတွေကို
အဟောင်းဆိုင်ကတောင် လက်မခံဘူး

အသစ်အသစ်ဆိုပြီး
ပုဆိုးနဲ့တိုက်ပုံလဲဝတ်ပြနေတိုင်းလည်း
အဲဒီ အမှောင်ထဲမှာတော့ အားလုံးဟာ အတူတူပဲ

လွှင့်....ပစ်လိုက်
ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့
ခင်ဗျားအမှိုက်ကို
ပြီးရင် အမှိုက်ပုံးထဲ ငြိမ်ငြိမ်လေးလဲလျောင်းနေလိုက်ပါ...။


www.flickr.com640 × 429Search by image
Listen to the voiceless. 8. Newer Older. Subway graffiti, Central Milton Keynes.