မင်းကောင်းချစ် - “ ရှစ်လေးလုံး..ကမ္ဗည်း ”
ဇူလိုင် ၂၅၊ ၂၀၁၄
ရှစ် …… ရှစ်သောင်းလေးထောင်အစု…
ယူဇနာအထု…မြေပန်သုကို…
သွက်သွက်ခါစေ…တုန်လှုပ်စေတဲ့
ဒီမိုငလျှင် ဥဒါန်းတွင်ရစ်
သမိုင်းသစ်ပန်းချီ…ရွှေဝါပြည်…
တရွာလုံးနီ…တမြို့လုံးရဲ
တတိုင်းလုံးစည်…တပြည်လုံးရွှဲ
အဖိနှိပ်ခံတို့ ပွဲ ။
လေး…. လေးအသင်္ချေနဲ့ ကမ္ဘာမကြေ …
အာဇာနည်အထောင်သောင်းကုဋေ…
ထောင်းလမောင်းကျေအောင်…
ဘ၀တွေပေး…အသက်တွေစတေးလို့ 
သွေးနဲ့ ရေးခဲ့တဲ့သမိုင်း…
စင်္ကြ၀ဠာတံတိုင်းလွန်ပစေ ။
လုံး …. လုံးဝ တထစ်ချ ယုံကြည်ကြ….
မဝေးလှတဲ့တနေ့ …အေးမြမဲ့နေ့ 
အမှန်တရားတွေရှင်ပြန်ထမြောက်…
သွေ့ ခြောက်ပျားရည်မြစ်တွေ…စီးဆင်းရစ်ခွေ…
ချိုမြိန်စေလိမ့်….ငိုသံတွေတိတ်လို့ …
ရီသံတွေဖိတ်ဝေ….ဒေါင်းပျိုတေးချွေ
အိုးဝေ… အိုးဝေ… အိုးဝေ ။ ။
မင်းကောင်းချစ်
ဇူလိုင်လ ၂၀ ရက် ၂၀၁၄ ခုနှစ်
ဇူလိုင် ၂၅၊ ၂၀၁၄
ရှစ် …… ရှစ်သောင်းလေးထောင်အစု…
ယူဇနာအထု…မြေပန်သုကို…
သွက်သွက်ခါစေ…တုန်လှုပ်စေတဲ့
ဒီမိုငလျှင် ဥဒါန်းတွင်ရစ်
သမိုင်းသစ်ပန်းချီ…ရွှေဝါပြည်…
တရွာလုံးနီ…တမြို့လုံးရဲ
တတိုင်းလုံးစည်…တပြည်လုံးရွှဲ
အဖိနှိပ်ခံတို့ ပွဲ ။
လေး…. လေးအသင်္ချေနဲ့ ကမ္ဘာမကြေ …
အာဇာနည်အထောင်သောင်းကုဋေ…
ထောင်းလမောင်းကျေအောင်…
ဘ၀တွေပေး…အသက်တွေစတေးလို့ 
သွေးနဲ့ ရေးခဲ့တဲ့သမိုင်း…
စင်္ကြ၀ဠာတံတိုင်းလွန်ပစေ ။
လုံး …. လုံးဝ တထစ်ချ ယုံကြည်ကြ….
မဝေးလှတဲ့တနေ့ …အေးမြမဲ့နေ့ 
အမှန်တရားတွေရှင်ပြန်ထမြောက်…
သွေ့ ခြောက်ပျားရည်မြစ်တွေ…စီးဆင်းရစ်ခွေ…
ချိုမြိန်စေလိမ့်….ငိုသံတွေတိတ်လို့ …
ရီသံတွေဖိတ်ဝေ….ဒေါင်းပျိုတေးချွေ
အိုးဝေ… အိုးဝေ… အိုးဝေ ။ ။
မင်းကောင်းချစ်
ဇူလိုင်လ ၂၀ ရက် ၂၀၁၄ ခုနှစ်