စေပိုင်ထွဋ်(ပုသိမ်) - မျက်နှာချင်းဆိုင် တိုက်မိသော အသံများ
သြဂုတ် ၂၇၊ ၂၀၁၄
လူ့အခွင့်အရေး ပျောက်နေတယ်
ခလုတ်ဖွင့်
အော်... မီးပျက်နေတာကိုး။
ပုဒ်မ(၁၈)ကို နှုတ်နှုတ်
ခက်တာ
အမြစ်က ခိုင်တုန်း။
တီတီတာတာနဲ့ ပလီပလာ ပီအာရ်
အရူးဆိုပြီး
အိမ်ဦးချေးတက်ပါ။
ကြိုက်သလောက်သာ ဟစ်
ြ ပြည်သူ့ဟစ်တိုင်
ငါတို့နဲ့ ဝေးဝေး ထားထားတယ်။
အသံသာပေမယ့် ရုပ်ဆိုးတဲ့ဥသြ
လက်တွေ့မပါတဲ့ ပါးစပ်ကြီး
လှည်းဟောင်းကြီး တအီအီ
နားညည်းလာပြီ။
လိုအပ်လို့ လယ်သိမ်းရတာပါ
လိုအပ်လို့ ရွာသိမ်းရတာပါ
လိုအပ်လို့... ...
ဟုတ်ကဲ့
လိုအပ်လို့ ခင်ဗျားတို့ ဆင်းပေးပါ ။ ။
Photo - Aung Htet