မင်းကောင်းချစ် -“ ကိုယ့်သမိုင်းကိုယ်ရေး ”
သြဂုတ် ၁၂၊ ၂၀၁၄
အမျိုးသားပြန်လည်သင့်မြတ်ရေးလါး….ဆွေမျိုးမယားအလျှံပယ် အပင်းဟတ်ရေးလါး
ပြည်သူနဲ့ မေတ္တာ ကူးပြန်မလါး……ပြည်သူရဲ့ကျိန်စာ စူးခံမလား
ပြည်သူကိုဆလံပေးမလား…..ပြည်သူကို ကျည်ဆံပေးမလါး
ချွေးလူးတဲ့ထမင်းစားမလါး……သွေးလူးတဲ့ထမင်းဝါးမလါး
ဗြဟ္မစိုရ်တရားလေးပါးမွေးမလါး…..အဂတိတရားလေးပါးရွေးမလါး
ဘားတိုက်ပြန်မလား….တရားမိုက်ထန်မလါး
အကြည်အသာနဲ့ ပြည်ရွာအပ်မလါး…ပီအာနဲ့ ကလီကမာကပ်မလါး
ချိုတာလေးတွေရွေးစားမလါး….လိုတာလေးတွေပေးသနားမလါး
ရိုးရိုးကျင့်မြင့်မြင့်ကြံမလါး….သူခိုးဂျပိုးကျင့်မင်းဆက်ခံမလါး
တောင်သူကိုစောင်မ မလါး….တောင်သူကိုထောင်ချမလါး
ပြည်ရွာပြေကာကွယ်မလါး….လယ်ယာမြေတွယ်တါမလါး
မီဒီယာကိုအတောင်သ မလါး….နိုင်ငံကိုအမှောင်ချမလါး
အပြုံးများနဲ့ အငြိုးဖျောက်မလါး….အမုန်းတရားနဲ့ အမျိုးစောင့်မလါး
အမှန်မြန်မာဘ၀ကောင်းစားရေးလါး…သယံဇာတရောင်းစားရေးလါး
ဒီမိုကရေစီနဲ့ စစ်မီးကုန်စေမလါး…ငါ့အလိုကရေစီနဲ့ စစ်မီးလှုံနေမလါး
လူထုကိုအငိုတိတ်စေမလါး…လူတစုကိုအလိုသိပ်နေမလါး
ကိုယ့်ကြမ္မာကိုယ်တွေး….အများကြမ္မာလည်းမျှတွေး
ကိုယ်ကြိုက်တာကိုယ်ရွေး….ကိုယ့်သမိုင်းကိုယ်ရေး
ရွေးသင့်တာရွေး…ပေးသင့်တာပေး
ပြေးခြင်လည်းပြေး….သံသရာက…မဝေးလှပါဘူး ။ ။
( သြဂုတ်လ ၁၀ ရက် ၂၀၁၄ ခုနှစ် )