နယူးယောက် ဘတ်ဖဲလိုး ၈၈မျိုးဆက် မြန်မာကွန်မြူနီတီ ၈လေးလုံး ၂၆နှစ် အခမ်းအနားကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ လောအယ်စိုး၊ သြဂုတ် ၁၀၊ ၂၀၁၄
၂၀၁၀ ခုနှစ်ကတည်းက ဘားမားဒေး ရက်သတ္တပတ်အဖြစ် သြဂုတ်လ ၈ ရက်၊ မြန်မာပြည် ၈လေးလုံးအရေးတော်ပုံကို ဂုဏ်ပြုသတ်မှတ်ခြင်း ခံထားရသည့် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ရှိ ၈၈ မျိုးဆက် မြန်မာကွန်မြူနီတီတို့ စုဝေးပြီ သြဂုတ် ၉ တွင် အလံတင်အခမ်းအနားနှင့် အထိမ်းအမှတ် ဟောပြောပွဲကို ဘတ်ဖဲလိုးမြို့တွင် ရပ်နီးရပ်ဝေး ဧည့်သည်များဖြင့် စုဝေးကျင်းပခဲ့ကြသည်။
မြန်မာပြည်၏ စင်ပြိုင်အစိုးရအဖြစ် ထူထောင်ပြီး ပြည်ပဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်မှုပေးခဲ့သူ NCGUB အဖွဲ့၏ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာစိန်ဝင်းကလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။