မင်းညွှန့်လှိုင် - သေချာတဲ့ကဗျာ
နိုဝင်ဘာ ၆၊ ၂၀၁၄
နိုဝင်ဘာ ၆၊ ၂၀၁၄
မိုးကြီးရွာမလား ....
မီးကြီးလောင်မလား ....
တောင်ကြီးပြိုမလား ....
မြစ်ကြီးကောမလား ...
စစ်ကြီးဖြစ်မလား ....
ခေတ်ကြီးပျက်မလား ....
ဘေးအထွေထွေမှာ
ဘာမှမရေရာ
ဘာမှမမြဲ
တံစက်မြိတ်က မိုးရေစက်လို
တဲတဲလေးမှ တဲတဲလေးရယ်
သေချာတာတခုတော့ရှိတယ်
အရာရာ
အကောင်းပကတိပြန်ရဖို့
ငါတို့ရဲ့ချစ်မေတ္တာ
စင်္ကြာဝဠာရဲ့ဝင်ရိုးသဖွယ်
ဒါဟာ သိပ်ကိုသေချာတယ်။ ။