အမြောက်သံ အစား သီချင်းသံ ကြားရစေ

အမြောက်သံ အစား သီချင်းသံ ကြားရစေ
မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၄

နိုဝင်ဘာ ၂၃၊ ၂၀၁၄ပြီးခဲ့သည့် စက်တင်ဘာ (၂၁)၊ အမ်စတာဒမ် မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့သည့် နိုင်ငံတကာ ဂီတပွဲတော်  ၌ ဗမာပြည် မှ လူနည်းစု လူမျိုး၊ ဘာသာ ဝင် ပေါ့ပ် အဆိုတော် နှစ်ဦး ဖြစ်သူ အယ်လ်လွန်းဝါ နှင့် ဖြူဖြူကျော်သိန်း တို့ ကချင် စစ် ဆန့်ကျင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး သီချင်း သီဆို တက်ဆက်မှု သီချင်းရုပ်သံမှတ်တမ်း အား မိုးမခ ပရိသတ် အတွက် ပြန်လည် တင်ဆက်လိုက်ပါသည်။

အစိုးရ စစ်တပ် ၏ အမြောက် ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ဗိုလ်သင်တန်းကျောင်း တွင် လတ်တလော သေဆုံးသွားခဲ့ရသည့် လူမျိုးစု တိုင်းရင်းသား ညီနောင် မဟာမိတ် အဖွဲ့ဝင် တအောင်း လူငယ် (၁၁) ဦး၊ ရခိုင် လူငယ် (၈) ဦး နှင့် နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်မီးတွင် အသက် အိုးအိမ် စည်းစိမ် ပေးဆပ်ခဲ့ရသည့် အစိုးရ နှင့် လူမျိုးစု တော်လှန်ရေး တပ်များ မှ ကျဆုံးသူများ၊ မြေဇာပင် လူမျိုးစုစုံ ပြည်သူ အပေါင်း အားလုံးကို ရည်စူးလျက် ပြည်တွင်းစစ် ရပ်စဲရန် ဝိုင်းဝန်း တောင်းဆိုကြပါ။

ဒီမိုကရေစီ  နိုင်ငံရေး ခေါင်းဆောင်များ အသံကျယ်ကျယ် ထွက်ကြပါ။  ထင်ရှားကျော်ကြား အနုပညာရှင်၊ ဂီတပညာရှင်၊ ရုပ်ရှင် သရုပ်ဆောင်များ စစ်ဒဏ် ခံစားနေရသည့် ပြည်သူအများနှင့် တသားတည်း ရပ်တည် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ မှာ ပိုမို ပါဝင် လှုပ်ရှားကြပါ။

စစ်ဝါဒ ပေါက်ဖွား ရှင်သန် အမြစ်တွယ်ရာ
၂၀၀၈ စစ်ဖွဲ့စည်းပုံ ချက်ချင်း ဖျက်နိုင်စေ။

ကျည်ဆံတွေ အစား ပန်းများ ပွင့်စေ။

အမြောက်ဆန် အစား ပန်းများ ကြဲဖြန်းစေ။

အမြောက်သံ အစား သီချင်းသံ ကြားရစေ။

ပြည်တွင်း စစ် အမြန်ဆုံး ရပ်စေ။

ခွင့်တူညီမျှ ဝါဒဖြူစင်သည့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု အား မျှော် ရည်သန်လျက်။

Music above fighting!
War (စစ်) ရေး/ဆို ဖြူဖြူကျော်သိန်း + အယ်လ်လွန်းဝါ Live 2004

Burma’s two pop musicians from the ethnic and religious minorities performed anti- Kachin war (Civil war) song at International Day of Peace Live concert in Amsterdam.  The concert of INTERNATIONAL DAY OF PEACE at Amsterdam's Ziggo Dome. 21 Sep. 2014 (organized by MasterPeace).

YouTube Music Video URL: http://youtu.be/mok4D6nV9pk

ဤ  ရုပ်သံ ကို အခကြေးငွေ ဖြင့် ပြန်လည် ဖြန့်ချိခြင်း မပြုရန်လည်း အလေးအနက် သတိပေးပါသည်။  မူပိုင်ခွင့် ချိုးဖောက်လိုစိတ် ရိုးသားစွာ မရှိပါ။  ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်ရေး အတွက် ဂီတပွဲ စီစဉ်ခဲ့သည့် MasterPeace ၏ တရားဝင် YouTube ကနေ ကူးယူ တင်ဆက်ခြင်း ဖြစ်ပါသည်။