ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကယားပြည်နယ်ခရီး
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၈၊ ၂၀၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၈ ရက်နေ့နံနက်က ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်ခဲ့သည်။
လမ်းတွင် ပင်လောင်းမြို့နယ် ဖိုကုန်း၊ ထိန်ပင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သည်။
ဖယ်ခုံမြို့နယ်အရောက်တွင် ဒေသခံ ပြည်သူများက ဘင်ခရာတီးဝိုင်းဖြင့်ကြိုဆိုနုတ်ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့သည်။
မွန်းလွဲ ၂ နာရီတွင် မြို့တော် လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ပြီး ညနေ ၄ နာရီတွင် လူထုဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ရှေ့နေ ဦးဝင်းမြင့်က အခြေခံဥပဒေ၏ မညီညွှတ်မှုများ၊ ဒေါ်အောင်ဆန်းစုကြည်က
အခြေခံဥပဒေပြင်ဆင်ရေးတို့နှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲကို ပြည်သူလူထု တစ်သိန်းကျော်တက်ခဲ့သည်ဟု သိရသည်။
(အချက်အလက်နှင့် ဓာတ်ပုံများ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖေ့စ်ဘုတ်စာမျက်နှာ)
လွိုင်ကော်မြို့ ကယားဒေးကွင်း လူထုဟောပြောပွဲ
ဖယ်ခုံမြို့