ဆောင်းလူ - u n t i t l e d
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄
လောကမှာ ..
ကောင်းစရာကိစ္စတွေကို ..
ဘာများအားနားစရာရှိလို့လဲ...
အလေးခံ ထမ်းပိုးထားရတဲ့ကမ္ဘာကိုသာ
ကိုယ့်ဘာသာ ပြန် အားနာနေရတာ ...
ဖြစ်စဉ်မရှိတဲ့တလျှောက်မှာ
ဘ၀ကိုသာ အခါ အခါ ပြန်အားနာနေရတာ ...
ဟေ့ ...
ကမ္ဘာကြီး ...
တကယ်ဆို
ခင်ဗျားလည်း မူးချင် မူးနေမယ် ..
ကျူပ်လည်း ...
ကောင်းချင် ကောင်းနေတယ် ...
နက်ဖြန်အတွက် နေသာ ကြယ်သာဖို့က
သဘာဝအလုပ် ...
နက်ဖြန်အတွက် နေသာသလိုနေဖို့က
လူ့အတ္တတွေအလုပ် ...။
တကယ်ဆို ..
မထူးဇာတ်ခင်းနေတဲ့ခေတ်မှာ
မြေပုံတွေ များများလာတာပဲ
အဖတ်တင်တယ် ...
ကိုယ့်ဘာသာ ပြန် အားနာနေရတာ ...
ဖြစ်စဉ်မရှိတဲ့တလျှောက်မှာ
ဘ၀ကိုသာ အခါ အခါ ပြန်အားနာနေရတာ ...
ဟေ့ ...
ကမ္ဘာကြီး ...
တကယ်ဆို
ခင်ဗျားလည်း မူးချင် မူးနေမယ် ..
ကျူပ်လည်း ...
ကောင်းချင် ကောင်းနေတယ် ...
နက်ဖြန်အတွက် နေသာ ကြယ်သာဖို့က
သဘာဝအလုပ် ...
နက်ဖြန်အတွက် နေသာသလိုနေဖို့က
လူ့အတ္တတွေအလုပ် ...။
တကယ်ဆို ..
မထူးဇာတ်ခင်းနေတဲ့ခေတ်မှာ
မြေပုံတွေ များများလာတာပဲ
အဖတ်တင်တယ် ...