လင်းနွေးအိမ် - "ဒေါ်ခင်ဝင်းများ"



လင်းနွေးအိမ် - "ဒေါ်ခင်ဝင်းများ"
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၄

လက်ပံတောင်း ...
အသက်ပေါင်း ဘယ်လောက်ပေးရမလဲ
ငရို့ မှာ ဒေါ်ခင်ဝင်းတွေ အများကြီးရှိတယ်။
စလယ်ဝင်တခွက်တောင် အချောင်နှိုက်မခံတာ
ဒါ - ဒေါ်ခင်ဝင်းများရဲ့ စိတ်ဓါတ်။
 

 ပျူ- သရေခေတ္တရာ မှသည်
ပုဂံခေတ်ကို တည်ခဲ့တာ
ဒါ - ဒေါ်ခင်ဝင်းများရဲ့ စိတ်ဓါတ်။
 

ချင်းတွင်း၊ ဧရာနဲ့  ဒုတ္တာဝတီမှာ စီးဆင်းနေတာ
 ရေမဟုတ်ဘူး
 ဒေါ်ခင်ဝင်းများရဲ့စိတ်ဓါတ်။
 

သံလွင်၊ စစ်တောင်း
 ပေါင်းလောင်းမြစ်မှာ စီးဆင်းနေတာ
 ဒေါ်ခင်ဝင်းများရဲ့စိတ်ဓါတ်။
 

ကဲ - လက်ပံတောင်း ...
အသက်ပေါင်း ဘယ်လောက်ပေးရမလဲ
 ဒေါ်ခင်ဝင်းများ စီးဆင်းနေတယ်ဟေ့။


(သရုပ်ဖော် အောင်ထက်)