ကျော်သူ - Happy New Year! အခမဲ့


ကျော်သူ - Happy New Year! အခမဲ့
(နာရေးကူညီမှုအသင်း၊ ရန်ကုန်) ဇန်န၀ါရီ ၁၊ ၂၀၁၅

နာရေး လာထား … အခမဲ့
ကျန်းမာရေးလား … အခမဲ့
ပညာရေးကော … အခမဲ့
အရေးပေါ်လည်း … အခမဲ့
စိမ်းလန်းရေးကော … အခမဲ့
မုန်တိုင်းဒဏ်လည်း … အခမဲ့
စစ်ဘေးရှောင်လည်း … အခမဲ့
အမှိုက်ကောက်မလား … အခမဲ့
အားလုံး အားလုံး … အခမဲ့

အခမဲ့ဆိုတာ တန်ဖိုးမဲ့မဟုတ်။
အခမဲ့ ပေးဆပ်သူတွေဟာ အလကားလူတွေမဟုတ်။
အလကားလူဆိုတိုင်းလဲ တန်ဖိုးမဲ့မဟုတ်။
အခမဲ့ … အခမဲ့ … ပရဟိတ အခမဲ့

ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ပြု၊ စာနာစိတ်တွေ မွေးဖွား၊ အတ္တများကို ဖြုတ်ခဲ့ကြတဲ့ အခမဲ့လူသားများ ဖြစ် တယ်။

ဒီကျင့်ဝတ်တွေကို ကျွန်တော်တို့တင်မက မင်းအစိုးရ၊ ပြည်သူလူထုတွေအားလုံး လူမျိုးဘာသာ မရွေး ယခု ၂ဝ၁၅ နှစ်သစ်မှစပြီး ကျင့်သုံးကြမည်ဆိုပါက ကျွန်တော်တို့ (အခမဲ့လူသားများ)၏ အခမဲ့ခြေ လှမ်းမှတ်တိုင် (၁၄) နှစ်ခရီး လျှောက်လှမ်းရကျိုး နပ်ပေပြီ။

(ဇန်နဝါရီလ (၁) ရက်နေ့သည် နှစ်သစ်မင်္ဂလာရက်မြတ်ဖြစ်သလို ကျွန်တော်တို့ နာရေးကူညီမှုအသင်း - ရန်ကုန် ၏ အခမဲ့ ကူညီဖေးမမှု ၁၄ နှစ်ပြည့်သော မင်္ဂလာရက်မြတ်လည်း ဖြစ်ပေသည်။)
ကမ္ဘာို့င်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်းရှိ အခမဲ့ ပေးဆပ်သူ လူသားများအားလုံးကို လေးစားဦးညွတ် ပါသည်။

ဗြဟ္မစိုရ်တရားကမ္ဘာလွှမ်းစေရမည်။

ကျော်သူ