လ င်းေ အး ထ င် -ေ အာ့ ဖ် လို င်း


လ င်းေ အး ထ င် -ေ အာ့ ဖ် လို င်း
(မိုးမခ) ဇန်နဝါရီ ၁၃၊ ၂၀၁၅

ချစ်လား မချစ်လား အရေးမကြီးတော့ဘူးပေါ့။
အသည်းကွဲဖူးလား အသည်းခွဲဖူးလားလည်း အရေးမကြီးတော့ဘူး။

အရောင်လေး စိမ်းနေမှာလား၊
မဖတ်ရသေးတဲ့ စာတစ်စောင် စောင့်နေမှာလား၊
ထတော့လေလို့ ဖုန်းထဲကို လှမ်းနှိုးမှာလား၊
အရေးမကြီးတော့ဘူး။

လင်းနေလား မှောင်နေလားလည်း အရေးမကြီးတော့ဘူးပေါ့။
လိုက်ကာကိုဆွဲထားတာ သုံးရက်လား၊ တစ်ပတ်လား၊ နှစ်လရှိပြီလား...
ပြင်းထန်စွာ အိပ်စက်ခဲ့တယ်ပေါ့။

အိပ်စက်ခြင်းက မျက်ခွံထဲ တိုးဝင်သွားတယ်၊
အိပ်စက်ခြင်းက နှာခေါင်းပေါက်က သွေးလိုယိုကျတယ်၊
အိပ်စက်ခြင်းက နားထဲကနေ လေလိုတဟူးဟူးထွက်တယ်။

အိပ်စက်ခြင်းဟာ တရွတ်တိုက်
အိပ်စက်ခြင်းဟာ တွန့်ခေါက်လို့
အိပ်စက်ခြင်းမှာ အရိုးသွင်သွင်
အိပ်စက်ခြင်းမှာ ဦးခေါင်းခွံအက်
အိပ်စက်ခြင်းမှာ မှန်ကွဲစတွေ ပြာမှုန်တွေ။

မျက်ခွံသားမပါတဲ့ ငါးလို... အိပ်စက်ခြင်းကို စွန့်ခွာပြန်တယ်...။

မျက်ရည်ဟာ မီးခိုးလို အထက်ကိုဆန်၊
ရှိုက်သံဟာ ရေတံခွန်သဖွယ် ပြုတ်ကျတယ်။

အရောင်လေးစိမ်းလာတယ်၊ ဖုန်းဟာ တဂီးဂီး တုန်ခါနေတယ်၊
ကလောင်ခနဲ ဖန်သားပြင်ထက် လေးထောင့်ကွက်လေး၊
ဒါပေမဲ့ အရေးမကြီးတော့ဘူး။

ခေါင်းကိုက်တာလည်း အရေးမကြီးတော့ဘူး၊
သွားမတိုက်ဖြစ်တာလည်း အရေးမကြီးတော့ဘူး၊
ပါးဖောင်းထားတဲ့ပုံ လက်ညှိုးနှစ်ချောင်းထောင်ထားတဲ့ပုံ
ဘာမှအရေးမကြီးတော့ဘူး။

ကိုယ့်အရောင်လေး စိမ်းမနေရင်တောင်
အော့ဖ်လိုင်း သတင်းစကား ထားခဲ့နိုင်ပါတယ်
အရေးမကြီးတော့တဲ့အကြောင်းပေါ့။    ။

လင်းအေးထင်

Lin Htin (Lin Aye Htin) Facebook:
https://www.facebook.com/linayehtin
×××××××××

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာဟောင်းများ ဖတ်ရန် -

မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html

ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html

မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html

ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

ဂိုဂင်နီ
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html