ပတ္တမြား မြေဆန်ဝေ - ဆရာတင်မိုး သို့


ပတ္တမြား မြေဆန်ဝေ - ဆရာတင်မိုး သို့
(မိုးမခ) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅

ဇာတိ ကိုယ့်မြေ
ဆိုးဖြစ်ထွေကြောင့်
တစ်ပြေ(ပြည်) ခွာပုန်း ရုန်းခဲ့သည်….၊

ထိုမှာ မပစ်
ကဗျာစစ်သည်
ချန်ရစ်စာပေါင်း နှောင်းလူဆီ….၊

နောက်ဆုံးထွက်သက်
သူ့- လက်နက်ကား
တောက်လျှက်ထွန်းဆဲ ရဲသွေးနီ….၊

မြန်မာပြည်ကဲ
ကမ္ဘာထဲတိုင်
ပျံဝဲရှည်တည် မြေမဟီ….၊

ဆရာ့မှုကောင်း
စံ - ပြုဆောင်း၍
ရေစောင်း ကျောက်အက် ထက်စေမည်….။

ပတ္တမြား မြေဆန်ဝေ
    မန်းတောင်ခြေ

ဇန်န၀ါရီ ၈၊ ၂၀၁၅