တိုးဝေ - စကတ်တိုလေးရဲ့ စီစီတီဗွီ


တိုးဝေ - စကတ်တိုလေးရဲ့ စီစီတီဗွီ
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅


ညွတ်တွေကို
ကျွမ်းကျွမ်းကျင်ကျင်  ကွေ့ရှောင်ခဲ့တယ်။

မြုံးကြီးကြီးတွေကို
မထုံတက်သေးနဲ့ တည့်အောင်ထိုးတယ်။

စောင့်တာတွေက မလာ
မစောင့်တာတွေက လာ
ဆည်ဝမှာ ရေခန်းချက်ရတယ်။

အလစ်ခူးခဲ့တဲ့ ပန်းတွေနဲ့
မွေးနံထောင့်မှာ ပူဇော်တယ်။

ကိုယ့်အလိုမလိုက်တဲ့
နံရံပေါ်က နာရီကို ငြူစူကျိန်ဆဲတယ်။

တစ်နေ့လုံးပြုံးခဲ့သမျှ
စာရင်း တို့ ကြည့်တော့
တွက်ခြေကိုက်ပါတယ်တဲ့။     ။

Photo - Aung Htet