ကျော်မိုးလွင် - ခွပ်ဒေါင်းမာန်


ကျော်မိုးလွင် -  ခွပ်ဒေါင်းမာန်
(မိုးမခ) မတ် ၁၃၊ ၂၀၁၅


ကျောင်းသာထုအသံ   ဇာတိမာန်ဖြင့်
တော်လှန်သတ္တိ     အပြည့်ရှိသည်
အမိမြန်မာ       ရတနာသား
ထင်ရှားပီပီ      ရှေ့သို့ချီ.....

ကိုယ်ကျိုးအတွက်     ငဲ့မကွက်ဘဲ
ပြည်တွက်ကောင်းအောင်  ကြိုးစားဆောင်သည်
ခေါင်းဆောင်ပီသ    ဂုဏ်ယူစွ......

စေတနာလည်းရှိ    ဥာဏ်လည်းရှိ
သတ္တိလည်းကောင်း    စိတ်ဓါတ်ကောင်း
ခွပ်ဒေါင်းပီသ     ဂုဏ်ယူစွာ......

စည်းစိပ်မမက်    မာန်မတက်ပဲ
လက်တွဲပြည်သူ    များရှင်လူနှင့်
အေးတူပူမျှ   သင်နေပြသည်
လောကကောင်းအောင်  ပြည်ကျိုးဆောင်သူ......

ကျောင်းသားပြည်သူ  ကြည်ဖြူချစ်ခင်
မေတ္တာဝင်၍   သင်သွားလေရာ
အတူပါလျက် ညီညာလက်တွဲ
အပွဲပွဲကို ဆင်နွှဲအောင်ခဲ့သည်တကား...

၁၀ရက်၁၀နာရီ၁၀မိနစ် ဂုဏ်ပြုလျက် - ကျော်မိုးလွင်
ပန်းချီ  စိုးဝင်းငြိမ်း ထံက ကူးသည်