ကျော်မိုးလွင် - နွေဦး
(မိုးမခ) မတ် ၂၁၊ ၂၀၁၅
ဟောဒါ ဥသြတွန်သံ
ပိတောက်ပွင့် တဲ့ နွေ
ငါ သိပ်ချစ်ရတဲ့ မြို့ ကို ထိုင်ငေး
နွေရဲ့ အဇ္ဈတ္တကို
ဝိညာဉ် ရှင်သန်ဖို့
ပိတောက်ပွင့် တဲ့ နွေ ဟာ
မျောလွင့်နေတဲ့ ငါရင်ကိုထိုးဖေါက်
ပိုပြီး နုပျိုလှပ အလင်္ကာတွေ ဖွဲ့ဆင်လို့ ... ...
ကျုံရေ ပါတ်လည်ဝိုင်းတဲ့
ရွှေမန်းမြို့သူတွေ
ပန်းလို ပွင့်လန်းသမျှ
ပိတောက်ဖူးတွေ ငုံနေရှာ
ရာသီချိန်မှီ ပန်ဆင်ဖို့
အလှဆုံး ဒီပိတောက်ပွင့်တွေ
မခြွေရက် မခူးရက်ပါ
ငါ အဝေးက ငေးလို့
ရနံ့မွှေးမြ ခံစားပါရစေ ... ...
Photo - Aung Htet
