စိန်ပေါလ်ကျောင်းသားဟောင်းများ ဗုဒ္ဓဝေယျာဝစ္စ အသင်း ရှင်အပါး ၁၀၀ ရှင်ပြုပွဲ ကျင်းပပြုလုပ်




စိန်ပေါလ်ကျောင်းသားဟောင်းများ ဗုဒ္ဓဝေယျာဝစ္စ အသင်း ရှင်အပါး ၁၀၀  ရှင်ပြုပွဲ ကျင်းပပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) ဧပြီ ၂၉ ၊ ၂၀၁၅

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း (ယခင် စိန်ပေါလ်) ကျောင်းသားဟောင်းများအသင်းနှင့် စိန်ပေါလ်ကျောင်းသားဟောင်းများဗုဒ္ဓ္ဓဝေယျာဝစ္စ အသင်းတို့မှ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ် နတ်စင်တစ်ရာဆရာတော် ဘဒန္တပညာတေဇ ကိုအမှူးထားပြီး  ရှင်အပါး (၁၀၀) ရှင်ပြုပွဲကို ရွှေတိဂုံစေတီတော်အောက်ပစ္စယံရှိ မူလမင်းကွန်းကျောင်းတိုက် တွင် ဧပြီလ (၂၄ ၊ ၂၅ ) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


 အထက (၆) ဗိုလ်တထောင်မှ ကျောင်းသား(၇၀) ဦးနှင့် ဆဋ္ဌမပိဋကတ်ဘုန်းတော်ကြီးကျောင်း ၊လှိုင်သာယာမြို့နယ် ၊မိဘမဲ့ကျောင်းမှ ကျောင်းသား (၃၀) ဦး ၊စုစုပေါင်း (၁၀၀) ဦးတို့အား  ရှင်လောင်းလှည့်ပွဲကို ဧပြီလ (၂၄ )ရက်နေ့ ညနေ (၄)နာရီတွင် ပြုလုပ်ခဲ့ရာ ကျောင်းသားဟောင်းများ၊ရှင်လောင်းများ၏ မိဘဆွေမျိုးများ၊ ဆရာ၊ဆရာမများ ဖြင့် ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် လှည့်လည်ခဲ့ကြသည်။ ထို့နောက် ညနေ(၅) နာရီတွင် ဆံချကာ သင်္ကန်းဆီးပေးခဲ့ကြသည်။




 လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ တရားတော်နာ အစီအစဉ်ကို  ဧပြီလ (၂၅) ရက်နေ့ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ  စိန်ပေါလ်ကျောင်းသားဟောင်းများ၊ဆရာကြီး၊ဆရာမကြီးများ၊ ဆရာမများ တက်ရောက်၍ ရေစက်ချအမျှပေးဝေခဲ့ကြသည်။



အဆိုပါ အလှူ ဖြစ်မြောက်ရေးအတွက် နတ်စင်တရာဆရာတော်ဘုရားမှ ငွေကျပ်(၈၁) သိန်း မတည်ပေးခဲ့ပြီး အလှူပွဲဖြစ်မြောက်စေရန် ကျောင်းသားဟောင်းများမှ ဝိုင်းဝန်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။