စိုးနေလင်း - ဆင်သွားပေမယ့် လမ်းမဖြစ်တဲ့ ကဗျာ

 
စိုးနေလင်း - ဆင်သွားပေမယ့်  လမ်းမဖြစ်တဲ့ ကဗျာ
(မိုးမခ) မေ ၂၉၊ ၂၀၁၅

ငါးပွက်ရာ ငါးစာချ စီးပွားရေးစနစ် ခေတ်သစ်
မြစ် မချမ်းသာ ဖြစ်ခဲ့ရသော နှစ်ငါးဆယ်ကျော်
ရေပေါ်ဆီ ယူနီဖောင်းဝတ် အရပ်ဝတ်တို့ဘီလျံနာဖြစ်
အရင်းစစ် အမြစ် တွေ့မြင်ခဲ့တာကြာခဲ့သော်လည်း
တကျော့ နှစ်ကျော့ တေးကိုသီ နေကြဆဲ
အဲဒီမျောက်မင်းအူသံကိုပဲ ဗားရှင်း*ပြောင်းလဲလို့။

ရို့ရို့ကျိုးကျိုး ရှိလိုက်ကြပုံများ..
အနားမညီ တြိဂံတခုရဲ့ထောင့်ကျဉ်းထဲ
ဝဲစွဲခဲ့ပေါင်း၊ သူခိုးထောင်းခဲ့ပေါင်း၊ ကျောချခဲ့ပေါင်းလည်း
သည်းသည်းကွဲကွဲ
မနည်းတော့…..။

ဟော့ဟို…
ကောင်းကင်စုတ်ပြတ် အနားသတ်က
လေတံခွန်တွေ
လျှော့ရင်းပြတ်ကြပေအုံးတော့မယ်။      ။

*version (တင်ပြပုံတမျိုး)