ရန်လင်းအောင် - အနှစ်ပြည့် ၇၀


ရန်လင်းအောင် - အနှစ်ပြည့်   ၇၀
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၅

ဒီမိုး ဒီလေ ဒီလူတွေကြားမှာ
ပန်းတပွင့်က အစ
ဘာကြောင့် ဘယ်သူမှ
သူရဲဘော မကြောင်စေရ
သူ  ပန်မှ ရဲရင့်ရနံ့တွေ
သင်းပျံ့စေတယ် ။

မြန်မာဆန်တဲ့သူ့ဝတ်စုံမှာ
ချုပ်ရိုးချုပ်သား အတွေးတွေက
ကမ္ဘာဆန်ဆန် လွတ်လပ်ခြင်းတွေနဲ့
ခိုင်ဆဲ မာမြဲ  ။

သြော် ……
မာယာ လေနီကြမ်းထဲ
ငြိမ်းချမ်းရေး သူ့အလင်း
ရိုးစင်းဖြောင့်တန်းနေဆဲ
အနှစ်ပြည့်  ၇၀  … … …

               

ဒေါ်အောင်ဆန်းစုကြည်  ၇၀ ပြည့် မွေးနေ့သို့