အလိမ်ခံခဲ့ရတဲ့ K – Pop Live Show ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့
ရန်နောင် (ဗိုလ်တထောင်) မိုးမခ ဇွန် ၁၇ - ၂၁၀၅
Tiger
Fate နှင့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားအဖွဲ့ချုပ်မှ ၂၀၁၅ ၏ ခမ်းနားကြီးကျယ်ဆုံး K- Pop
Live Show ပွဲကြီးအား ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ MEP တွင် ၁၆-၆-၂၀၁၅ (အင်္ဂါနေ့) ညနေ ၆နာရီခွဲ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ အဆိုတော်များဖြစ်သော BTS၊
Ailee ၊ N-sonic ၊ A.KOR ၊ HALO အဖွဲ့များက ဖျော်ဖြေခဲ့ကြသည်။ ကိုရီးယားထိပ်တန်းယဉ်ကျေးမှုကုမ္ပဏီ
ဖြစ်သော Tiger Fate မှ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားလူမျိုးများ အဖွဲ့အစည်း နှင့်ပူးပေါင်း၍
တစ်နှစ်တာအတွင်း အကြီးကျယ်အခမ်းနားဆုံးအဖြစ်တင်ဆက်ခဲ့ခြင်းဖြစ်သည်။
ကိုရီးယား
-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အနှစ်(၄၀) ပြည့် အထိမ်းအမှတ်အဖြစ် ဖျော်ဖြေရန်စီစဉ်ထားသော ထိုပွဲတွင် မူလပထမ စီစဉ်သူ
HanBaek ITC Company သည် Tiger Fate နှင့်လက်တွဲပြီး
စတင်စီစဉ်ခဲ့သော်လည်း HanBeak မှ ငွေကြေးများ လိမ်လည်ကာ ထွက်သွားခဲ့သောကြောင့် ပွဲဖြစ်မြောက်ရန်မှာ
လက်လျှော့ရမည့်အနေအထားသို့ပင် ရောက်ခဲ့ရသည်။
သို့သော်လည်း
များပြားလှသော K-Pop ချစ်သူ မြန်မာပရိသတ်အား ကမ္ဘာတဝှမ်း အောင်မြင်ကျော်ကြားနေသော
K-Pop တေးဂီတ ကို ခံစားအားပေးနိုင်မည့် အခွင့်အရေးကို လက်မလွတ်စေချင်သည့်အပြင် ပွဲလက်မှတ်ကို
ဝယ်ယူပြီးသားဖြစ်သော အမာခံ ချစ်ပရိတ်သတ်များရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေချင်သည့်အတွက်
မြန်မာနိုင်ငံရောက် ကိုရီးယား လူမျိုးများ အဖွဲ့အစည်းမှ ပွဲစီစဉ်ခြင်းတာဝန်ကို လက်လွှဲယူကာ
Tiger Fate နှင့်အတူ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြင့် ပွဲဖြစ်မြောက်လာခဲ့ပါတယ်။ပရိတ်သတ်အများအပြားလာရောက်ကြည့်ရှု
အားပေးနိုင်ရန်အတွက် လက်မှတ်ဈေးနှုန်းများကိုလည်း တစောင်ဝယ် တစောင် လက်ဆောင်ပေး စနစ်ဖြင့်ရောင်းချခဲ့ပါတယ်
ဟု မြန်မာနိုင်ငံရောက် ကိုရီးယားလူမျိုးများ အဖွဲ့အစည်း ဥက္ကဋ္ဌ မစ္စတာအီဂျောင်အူ နှင့် Tiger Fate Company ဥက္ကဋ္ဌ မစ္စတာ ဂျင်ဘောင်မို (မြန်မာအမည် -ကိုဇော်မင်း
) တို့ မှ ပွဲမစခင် ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Tiger
Fate သည် Fate International Company အမည်ဖြင့်
မြန်မာနိုင်ငံတွင်လွန်ခဲ့သော ၁၂ နှစ်ခန့်ကတည်းက လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။ ၎င်းမှ K- Pop အကအား နှစ်သက်မြတ်နိုးသူ မြန်မာပရိတ်သတ်များအတွက်
စတူဒီယိုတခုဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။၎င်းတို့အနေဖြင့် နိုင်ငံတကာပွဲများနှင့် ဖော်ျဖြေပွဲများအား
ပူးပေါင်းစီစဉ်ရာတွင် အထောက်အကူဖြစ်စေရန် တောင်ကိုရီးယား နည်းပညာများကို မြန်မာနိုင်ငံသို့
ယူဆောင်ပေးမည်ဖြစ်ကြောင်း လည်းထပ်မံသိရှိရသည်။
အဆိုပါ
ဖျော်ဖြေပွဲသို့ မြန်မာပရိသတ် လူငယ်မိန်းကလေးများ အထူးလာရောက်အားပေးသည်ကိုလည်းတွေ့ခဲ့ရသည်။
လက်မှတ်ဝင်ကြေးများမှာ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းကျပ် ဖြစ်ပြီး တစောင်ဝယ်လျှင်
တစောင်လက်ဆောင်ပေးသောကြောင့် ဆယ်ကျော်သက်
K-Pop ချစ်သူများ အကြိုက်အားပေးနိုင်ခဲ့သည်။
| နေ့လယ် ပိုင်းကတည်းက ရောက်နေသောပရိတ်သတ်များ |
| နေ့လယ်ကတည်းက ရောက်နေသောပရိတ်သတ်များ |
| A.KOR |
| BTS |
| Ailee |
| Ailee |
ပွဲခင်းထဲတွင်တော့
ကိုရီးယားရိုးရာ အကင်များအား ရောင်းချနေသော ကိုရီးယား အကင်ဆိုင်များ ကိုလည်း နှစ်ခြိုက်စွာအားပေးနေကြသည်ကိုလည်း
တွေ့ခဲ့ရသည်။