စာရေးဆရာမ သင်းသင်းသာ နှင့် စာရေးဆရာမ တူးတူးသာ တို့၏ “ ရေငြိမ်လမ်း ” နှင့် “ ဖွတ်ဒင် ” စာအုပ်သစ် မိတ်ဆက်ပွဲ ပြုလုပ်

ကဗျာဆရာ အောင်ဇင်မင်း
စာရေးဆရာမ သင်းသင်းသာ နှင့် စာရေးဆရာမ တူးတူးသာ တို့၏
“ ရေငြိမ်လမ်း ” နှင့် “ ဖွတ်ဒင် ” စာအုပ်သစ် မိတ်ဆက်ပွဲ  ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ   ဇူလိုင် ၂၉

စာရေးဆရာမ နှင်းဝေငြိမ်း


          စာရေးဆရာမ သင်းသင်းသာ ၏ “ ရေငြိမ်လမ်း ” နှင့် စာရေးဆရာမ တူးတူးသာ ၏ “ ဖွတ်ဒင် နှင့် အခြားဝတ္ထုတိုများ ” စာအုပ်သစ် နှစ်အုပ် မိတ်ဆက်ပွဲ နှင့် ရေးသူဖတ်သူ ဆွေးနွေးပွဲကို  ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(အောက်) ရှိ HOME Media ခန်းမတွင် ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာရေးဆရာမ ရွှေကူမေနှင်း
စာရေးဆရာမ သန်းမြင့်အောင်
စာရေးဆရာမ မိချမ်းဝေ

စာရေးဆရာမ သင်းသင်းသာ

စာရေးဆရာမ သွန်းနှင်းအိမ်

စာရေးဆရာမ စုမီအောင်

စာရေးဆရာမ တူးတူးသာ

          အခမ်းအနားမှူးအဖြစ် စာရေးဆရာမ နှင်းဝေငြိမ်းက ဆောင်ရွက်ခဲ့ပြီး စာရေးဆရာမ ရွှေကူမေနှင်း၊ စာရေးဆရာမ သန်းမြင့်အောင်၊ ကဗျာဆရာ အောင်ဇင်မင်းတို့မှ အမှတ်တရ မုဒိတာစကားပြောကြားခဲ့သည်။စာရေးဆရာမ မိချမ်းဝေ မှ စတင်ကာ ရေးသူဖတ်သူ ဆွေးနွေးပွဲ အသွင်ပြောင်းကာ စတင်ခဲ့သည်။ ထို့နောက်တက်ရောက်လာသူများမှ ပါဝင် ဆွေးနွေးခဲ့ကြသည်။ဆရာမ သင်းသင်းသာ ၏ ရေငြိမ်လမ်း သည် အချစ်ဝတ္ထု ဖြစ်ပြီး ဆရာမ တူးတူးသာ၏ စာအုပ်သည် သရော်စာ ဝတ္ထုတိုများဖြစ်သည်။


          ဆရာမ သင်းသင်းသာ ၏ စာအုပ်ကို ဆန်းစသော်တာ စာအုပ်တိုက်မှ ထုတ်ဝေပြီး မုံရွေးပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ဆရာမ တူးတူးသာ၏ စာအုပ်ကို ဗန်တမာစာပေ မှ ထုတ်ဝေပြီး မုံရွေးပုံနှိပ်တိုက်တွင်ပင် ရိုက်နှိပ်ခဲ့သည်။ တန်ဖိုး နှစ်ထောင်ကျပ်ဖြင့် ဇူလိုင်လမှ စတင်ကာ မြန်မာတပြည်လုံးသို့ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။