နေဝန်းနီ (မန္တ​လေး) သား​ ကျောင်းပြန်​တက်​ချင်​တယ်​...​ မေ​မေ



နေဝန်းနီ (မန္တ​လေး) သား​ ကျောင်းပြန်​တက်​ချင်​တယ်​...​ မေ​မေ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

ဒီချိန်​ဆို သားသူငယ်​ချင်း​တွေ
ကျောင်းတက်​​နေကြပြီလား....​မေ​မေ

သားလွယ်​အိတ်​လေးဘာလို့
ဆေး​သေတ္တာဖြစ်​သွားတာလည်း...​မေ​မေ

ဖေ​ဖေရဲ့ ​ခြေ​ထောက်​​အောက်​မှာ
သား​ကျောင်းအင်္ကျီအဖြူ​လေး
ဘာလို့ပတ်​​ပေးထားတာလည်း...ေ​မ​မေ

သားတို့အိမ်​နဲ့ရွာ​လေးကိုထားခဲ့ပြီး
ဘာလို့ထွက်​​ပြေးလာရတာလည်း
ပြေးရတာလည်း​မောလှပါပြီ...​မေ​မေ

သေနတ်​သံ​တွေကိုသား​ကြောက်​တယ်
ဗုံးသံ​တွေကိုထိတ်​လန့်​​နေမိတယ်
ရွာ​ကျောင်းက​ခေါင်း​လောင်းသံ​လေးကို
သားမက်​​မောတယ်​...​မေ​မေ

ယမ်း​ငွေ့​တွေ ​သေနတ်​သံ​တွေကြား
ကျူထရံတဲ​လေးကို ကျားကန်​ထားတဲ့
ရွာက စာသင်​​ကျောင်း​လေးမှာ
“ဇွန်​ပန်းရုံအနီး လှည်းဘီးနွံထဲကျွံ​နေသည်​“စာကို
ဆရာမ​လေး “သဇင်​မွန်​ဟန်​” က သင်​​ပေး​နေ​တယ်​လို့
ညက သား အိမ်​မက်​မက်​တယ်​...​မေ​မေ

သား ရွာကိုပြန်​ချင်​တယ်
“​နော်​​ဆေးဝါး” “နန်း​ဖော့အွာ” တို့နဲ့အတူ
သား​ကျောင်းပြန်​တက်​ချင်​တယ်​...​မေ​မေ

{ကချင်​ပြည်​နယ်​ စစ်​​ဘေးသင့်​က​လေးငယ်​များသို့}
Photo source : UNHCR