လင်းအေးထင် - ကျောင်းမှာ မျက်နှာစာနှစ်ဖက် ရှိခဲ့တယ်


လင်းအေးထင် - ကျောင်းမှာ မျက်နှာစာနှစ်ဖက် ရှိခဲ့တယ်
(မိုးမခ) ဇူလိုင် ၉ ၊ ၂၀၁၅

7th July ၅၃ နှစ်ပတ်လည်နေ့ ရန်ကုန်တက္ကသိုလ်မြင်ကွင်း
(ကဗျာဆရာ၏ မေးခွန်းကို မည်သို့ ဖြေရအံ့..။)

ကျောင်းမှာ မျက်နှာစာနှစ်ဖက် ရှိခဲ့တယ်။

တစ်ဖက်မှာ Slow Motion မောင်မျိုးမင်း ရိုက်ပြသလို
အသက်ကြီးတောင့်ကြီးမား ကျောင်းသားတွေ
ကဲန်တင်း ထိုင်ခြင်းအလုပ် တွင်တွင်ကျယ်ကျယ် လုပ်ကြတယ်၊
ဗရွတ်ရွှတ်တတွေ ပြောကြတယ်၊
မိန်းကလေးတွေနဲ့တွေ့ရင် မျက်နှာရူးထကြတယ်။ 

နောက်မျက်နှာစာမှာတော့ ပြဌာန်းစာမဟုတ်တဲ့ စာတွေကို
ရူးမတတ်ဖတ်ခြင်းရဲ့အလွန်
ယုံကြည်ချက် ငွေ့ရည်တို့ ဖွဲ့တည်သိပ်သည်းလာကြပြီးနောက်
သွေး၊ ထောင်၊ စစ်ကြောရေးတို့နဲ့
ယဉ်ပါးကြရရှာတဲ့ ခွပ်ဒေါင်းတွေရှိတယ်။

ဒီမျက်နှာစာကိုတော့ ဘယ်ဒါရိုက်တာမှ ရိုက်ပြလို့မရဘူး။

ဒါပေမဲ့ မျက်နှာစာနှစ်ဖက်စလုံး
ဘယ်ဖက်က ကြည့် ကြည့်
ကျောင်းဟာ ကျောင်းနဲ့ မတူရရှာဘူး။

စာတမ်းတွေ၊ လက်တွ့တွေ၊ သုတေသနတွေ၊
ဆွေးနွေးပွဲတွေ၊ ကိုးကားစာအုပ်တွေ စတဲ့
ပညာရေးနဲ့ဆိုင်တဲ့ ပုံပန်း သဏ္ဌာန်.မှန်သမျှ
လစ်လပ်ပျောက်ကွယ်နေတယ်။ 

ပွဲစားတစ်ပိုင်းကျောင်းသားတွေနဲ့ အချိန်ပိုင်းမော်ဒယ်ကျောင်းသူတတွေ 
ကျောင်းဝင်းထဲမှာ အပေါစား အချစ်ဇတ်လမ်းများ ခင်းကြတယ်။
မစင်ကြယ်တဲ့ငွေ၊ မူးယစ်ဆေးနဲ့ လိင်အပျော်ကျူးနံ့ တထောင်းထောင်းထတယ်။
ကဗျာစာအုပ်တွေ၊ လျှို့ဝှက်ကလပ်စည်းတွေ၊ တော်လှန်ရေးအိပ်မက်တွေလည်း
သွေးသံရဲရဲ ဘဝပျက်ကြရတယ်။ 

ကျောင်းဟာ ကျောင်းနဲ့ မတူဘူး။ 

အခုရော ကျောင်းနဲ့မတူတဲ့ ကျောင်းတွေမှာ
ကျောင်းသားနဲ့မတူတဲ့ ကျောင်းသားတွေ
အိပ်မက်တွေ ပန်းလိုဖူးကာ
ယုံကြည်ချက်များ လေတံခွန်သဖွယ် ဝဲပျံလို့
အနာဂတ်ကို မျှော်ရည်နေကြလားလေ။

လင်းအေးထင်

××××××××××××

မိုးမခ တွင် တင်ဆက်ထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာ ဟောင်းများ ပြန်ဖတ်လိုပါက --

၀၁) အလွမ်းသမားနပိုလီယံ

၀၂) စူးစမ်းမိတဲ့ငနုံ

၀၃) မန္တလေးကို ရောက်ခဲ့တယ်

၀၄) ဘုရားပေါ်မှာ

၀၅) လွန်ခဲ့တဲ့ (၁၅) နှစ်

၀၆) အပ္ပမာဒေန သမ္မာဒေထ

၀၇) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို

၀၈) အော့ဖ်လိုင်း

၀၉) မဒမ်တူးဆိုး ဖယောင်းရုပ်

၁၀) ဥသြဆွဲ တေးချင်း

(၁၁) တာ့ဂ်ျမဟာ

၁၂) တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ

၁၃) ဂိုဂင်နီ

၁၄) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော

၁၅) ဘာလဲဟဲ့ ရင်ကြားစေ့ရေး

၁၆) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ

၁၇) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ

၁၈) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား

၁၉) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်

၂၀) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး