နေဝန်းနီ(မန္တ​လေး) - ခင်​ဗျားတို့မှမသိတာ


နေဝန်းနီ(မန္တ​လေး) - ခင်​ဗျားတို့မှမသိတာ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၅


အာဇာနည်​ ကိုး ဦး​ ကျလို့
တစ်​တိုင်းပြည်​လုံး ကျဆုံးသွားတာ
ခင်​ဗျားတို့မှမသိတာ

ကျည်​ဆံ ( ၁၃)ချက်​​ကြောင့်
တစ်​တိုင်းပြည်​လုံးမျက်​ရည်​ကြတာ
ခင်​ဗျားတို့မှမသိတာ

ပိုက်​ဆံထဲကဗိုလ်​ချုပ်​ကို သတ်​လိုက်​​​တော့
တစ်​တိုင်းပြည်​လုံး ဖာဖြစ်​ကြတာ
ခင်​ဗျားတို့မှမသိတာ

သမိုင်းထဲက​ ဗိုလ်​ချုပ်​ကို ဆက်​သတ်​​ပေမယ့်
တစ်​တိုင်းပြည်​လုံးရဲ့ ရင်​ထဲမှာ
ဗိုလ်​ချုပ်​​အောင်​ဆန်းရှိ​နေ​တာ
ခင်​ဗျားတို့မှမသိတာ