Sony Myanmar မှ အဆိုတော် ဘန်နီဖြိုး နှင့် မိစန္ဒီ တို့အား Sony MDR Headphone Brand Ambassadors ခန့်အပ်
Sony
Myanmar မှ အဆိုတော် ဘန်နီဖြိုး နှင့် မိစန္ဒီ တို့အား Sony MDR Headphone Brand
Ambassadors ခန့်အပ်
ရန်နောင်
(ဗိုလ်တထောင်) မိုးမခ ဇူလိုင် ၂၀ - ၂၀၁၅
ဆိုနီမြန်မာအနေနဲ့ နာမည်ကျော် အဆိုတော်ဘန်နီဖြိုး နှင့် မိစန္ဒီ တို့အား Sony MDR
Headphone
Brand Ambassadors အဖြစ်တရားဝင်ခန့်အပ်ခြင်း
အခမ်းအနားကို ရန်ကုန်မြို့ ဂျမ်းရှင်းစကွဲယား ပရိုမိုးရှင်း ဧရိယာတွင် ဇူလိုင်လ ၁၇ ရက် (သောကြာနေ့) ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘန်နီဖြိုး နဲ့ မိစန္ဒီ တို့သည် တရားဝင် သံတမန်
အဖြစ် ခန့်အပ်လိုက်တဲ့ အချိန်ကစပြီး တနှစ်ပတ်လုံး Sony MDR Headphone နဲ့ ပတ်သက်သော
လှုပ်ရှားမှု ပွဲတိုင်းမှာ ပါဝင်သွားမှာ ဖြစ်ပြီး ထူးခြားတဲ့ အစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
အစီအစဉ် တင်ဆက်သူ ဆန်းထွဋ် က ပြောကြားခဲ့ပါသည်။
ပြင်ပအနှောင့်အယှက် ကင်းစင်တဲ့ စတူဒီယိုအရည်အသွေးရှိတဲ့
ဂီတသံများကိုနားဆင်နိုင်တဲ့ premium
headphone တွေကို ဒီနေ့မှာတော့ လူထုကြားထဲကို ချပြနိုင်ခဲ့ပါပြီ။ (High –
Resolution ) အသံထွက်အရည်အသွေး မြင့်မားတဲ့
Sony MDR- 1A Headphone က အားကောင်းပြီး ကြည်လင်တဲ့ အသံထွက်ကို ထုတ်ပေးနိုင်တာကြောင့်
သုံးစွဲသူ စိတ်ကြိုက် အကြိုက်ဆုံးတေးသွားများကို အကောင်းဆုံးနားဆင်နိုင်ပါကြောင်း ၊
High- Resolution Audio ရဲ့ အသံဖမ်းယူမှု ဟာဆိုရင် အရည်အသွေးမြင့် စီဒီတွေမှာ သုံးတဲ့
စံနှုန်းထက် မြင့်မားတဲ့ ဂီတ အသံဖလှယ်မှု နှုန်းထားတွေကို အသုံးပြုထားတာကြောင့် အသံထွက်ကို
အကြည်လင်အပြတ်သားဆုံး ခံစားနိုင်မည်ဖြစ်သည်။
ဆက်လက်၍လည်း ထပ်မံသိရှိရသည်မှာ 100kHz ရှိတဲ့
Frequeny (အသံစနစ် ) အသုံးပြုထားလို့ Sony MDR – 1A Headphone နဲ့ နားထောင်တဲ့အခါ အနုပညာရှင်တစ်ဦး
မိမိရှေ့တွင် လာရောက်သီဆိုပြနေသကဲ့သို့ အပြည့်အဝခံစားနားဆင်နိုင်မည်ဖြစ်ကြောင်းလည်း
မသိင်္ဂီစိုး က ပြောပြရှင်းလင်းခဲ့သည်။
ဘန်နီဖြိုး ၏ နာမည်အရင်းမှာ ပြည့်ဖြိုးပိုင်
ဖြစ်ပြီး ယနေ့ခေတ် လူငယ်များကြား ရေပန်းစားနေသော အသက် ၂၃ နှစ်အရွယ် Pop and
R&B တေးရေးတေးဆို တစ်ယောက်ဖြစ်သည်။ သူရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် “ ချစ်တယ်ဟုတ်”
ကို ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး “ နှစ်ပတ်လည်
” ဆိုတဲ့ သီချင်းနဲ့ အချိန်တိုအတွင်းမှာ အောင်မြင်မှုကို ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်မှာ
ဒုတိယတစ်ကိုယ်တော် အယ်လ်ဘမ် “ လူပျိုလှည့်တေး
” ကို ထုတ်ဝေခဲ့ပါတယ်။
မိစန္ဒီ ၏ နာမည်ရင်းမှာ မိစန္ဒီမင်းဥာဏ် ဖြစ်ပါတယ်။ လူငယ်များကြားမှာ ရေပန်းစားတဲ့
အသက် ၂၅ နှစ်အရွယ် R&B နဲ့ Hip-Hop တေးရေး
တေးဆို တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် မိုနိုပိုလီ ကို ၂၀၁၁
ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ “ ရေခဲရိုက်အပြုံး ” ဆိုတဲ့ သီချင်းနဲ့ အချိန်တိုအတွင်းမှာ
အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒုတိယတစ်ကိုယ်တော် အယ်လ်ဘမ် ပစ်တိုင်းထောင်ကို
ထုတ်ဝေခဲ့ပါတယ်။